အပိုင်း-၁၇

3K 495 44
                                    

အပိုင်း-၁၇

"ကျွန်တော်လည်း လိုက်လို့မရဘူးလားလို့"

ထိုစကားသံက ရေးရီထံမှ မဟုတ်ဘဲ ဝေဖြိုးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဒီညနေပဲ တရုတ်ဘက်သို့ လုပ်ငန်းကိစ္စအတွက် ဆွေးနွေးပွဲတက်ရမည်ဟု မန်နေဂျာမှ ပြောလာခြင်းပင်။လေယာဉ်လက်မှတ်လည်း စီစဉ်ထားပေးပြီးသား။ ရုံးမှာ တခြားကျွမ်းကျင် သူတွေလည်း ရှိပေမယ့် ရေးရီ နာမည်တပ်ပြီး ပြောလာတာမို့ ရေးရီလည်း မငြင်းနိုင်။ ငြင်းမည်လည်းမဟုတ်ပါ။ အရင်က တရုတ်ကနေ အပြန်မှာပဲ သမ္ဘာ့လက်ထပ်ပွဲ တက်ခဲ့ရတာမလား။

"အဆင်ပြေလား ရေးရီ။"

"ရပါတယ် အစ်ကို။သိမ်းဆည်းစရာက ဘာမှ မှမရှိတာ။ ဆွေးနွေးပွဲတက်ပေးရုံပဲဆိုတော့ pressure လည်းမရှိပါဘူး"

"ဟိုမှာ လာကြိုမယ့်သူတွေနဲ့ စကားပြန်က အစ အားလုံးရှိထားပြီးသားပါ။ရောက်တုန်းရောက်ခိုက် လည်ခဲ့ပေါ့"

"ဟုတ်ကဲ့ "

ရေးရီ ထိုမျှသာ ပြောရင်း ရုံးကနေ ပြန်ဖို့ပြင်လိုက်သည်။ ဝေဖြိုးက လိုက်ချင်လို့ မန်နေဂျာဘေးနား ကပ်လျက် တတွတ်တွတ်။ ကလေးဆိုးကြီးလို လုပ်နေသည့် ဝေဖြိုးကိုကြည့်ကာ ရယ်မိရင်း ရေးရီ ရုံးထဲကနေ ထွက်လာခဲ့သည်။ အရင်ဆုံး သမ္ဘာ့ဆီတော့ သွားချင်သေးတာမို့ ကားလေးက မြင့်မိုရ် ဟိုတယ်ဘက် ဦးတည်လိုက်သည်။သမ္ဘာ့၏ paradise နေရာလေးဘက်သို့ အရင် လာကြည့်လိုက်တော့ တာဝန်ချထားပေးသည့် site engineer ကောင်လေးက လာနှုတ်ဆက်သည်။ Paradise လေးက အကြမ်းထည်ပြီးစီးနေပြီ။ အပြင်ဘက်ကနေပဲ ကြည့်လိုက်ပြီးမှ သမ္ဘာ့ကို ဖုန်းခေါ်လိုက်သည်။အသံက ဖုန်းထဲက မဟုတ်ဘဲ အပြင်ဘက် ထွက်ပေါ်လာသည်မို့ ရေးရီ နောက်လှည့်ကြည့်လိုက်သည်။

"ကိုယ် မင်းအနောက်မှာ ရေး။ Dinning room ထဲက ထွက်လာတော့ လှမ်းမြင်လိုက်တာ"

"နေ့လယ်စာ စားပြီးပြီလား"

"အင်း။ရေး ရော..မျက်နှာလေး ကြည့်ရတာတော့ စားပြီးတဲ့ပုံပဲ. မစားရသေးရင် ခပ်စူစူလေး လေ"

သမ္ဘာက မျက်နှာပုံစံပါ လုပ်ပြလာတော့ ရေးရီ စိတ်လိုလက်ရ ရယ်မိသည်။သူ ရယ်တာကို သမ္ဘာက ပြန်ငေးနေရင်း လက်ကိုဆွဲလျက် ပန်းရုံတွေနား ခေါ်လာခဲ့သည်။ သမ္ဘာ့၏ paradise ဆောက်လုပ်နေသည့် အပိုင်းက ဧည့်သည့်တွေကို ခွင့်မပြုထားဘဲ သီးသန့်နေရာလေးလို ဖြစ်နေတာမို့ အဆောက်အဦနားတွင်သာ လူတွေရှိနေပြီး ကျန်သည့်နေရာလေးတွေက သစ်ပင်ပန်းမန်တချို့နှင့် ပြည့်နှက်လို့နေသည်။

ချစ်အတွက် မနက်ဖြန်Where stories live. Discover now