အပိုင်း-၂၀

3.1K 488 71
                                    


ဦးဘုန်းမြင့်မိုရ်သည် ညနေတွင် အိမ်၌ ညစာစားပွဲကို ချက်ချင်းပြင်ဆင်ခိုင်းသည်။မနက်ပိုင်းတစ်ပိုင်းလုံး သမ္ဘာသည် ရေးရီနှင့် ဟိုတယ်တွင်ပင် အတူရှိနေရင်း ညနေအိမ်သို့ အချိန်အတိအကျပြန်လာခိုင်းခြင်းခံရသည်။မသွားဘဲ နေလိုက်မလို့ပင်မယ့် ဒေါ်ပိုးဥနွယ်က လာခဲ့ဖို့ ဖုန်းဆက်လာသည်မို့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း နောက်ဆုံးတွင်တော့ မြင့်မိုရ်စံအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။

ထင်မှတ်ထားပြီးသားအတိုင်း ကြည်လဲ့နှင့် သူ့အဖေ ဦးအောင်ခင်က ရောက်ရှိလို့နေသည်။ သူတို့ကိုမြင်တော့ ကြည်လဲ့က မတတ်နိုင်သည့် မအီမသာ အပြုံးလေးပြုံးပြသည်။

"နောက်မကျနဲ့ ပြောထားတာကို နောက်ကျသေးတယ် ကိုအောင်ခင်တို့ကို အားနာစရာ.."

"ရပါတယ်ဗျာ.. ဧည့်သည်မှ မဟုတ်တာ အချင်းချင်းတွေပဲကိုး"

ဦးအောင်ခင်က ရယ်မောလျက် ဆိုသည်။ဒေါ်ပိုးဥနွယ်သည် ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် ရှိနေရင်း သူ့ဘေးတွင် ထိုင်သည့် သမ္ဘာ့ လက်ကို ခုံအောက်ကနေ ဖွဖွလေး ဖိညှစ်လျက် ထပ်မံပြုံးပြသည်။ ရေးရီကတော့ ကြည်လဲ့ဘေးတွင် ဝင်ထိုင်လိုက်၏။ သမ္ဘာ့ မျက်နှာပေါ်က ဒဏ်ရာတွေကြောင့် အခြေအနေ တစ်ခု ရှိနေသည့်ပုံပေါက်သည်မို့ ဦးအောင်ခင်သည်လည်း အရင်တစ်ခေါက် က လာသလို ခုတစ်ခါက သိပ်တော့ ပေါ့ပါးမနေ။

"ကဲ အရင်စားကြတာပေါ့ဗျာ."

ဦးဘုန်းမြင့်မိုရ်က အစပြုရင်း ထမင်းဝိုင်းကို စတင်လိုက်သည်။ ဟင်းတွေက အမျိုးအမည်စုံပေမယ့် အားလုံးက တို့ကနန်းဆိတ်ကနန်းဖြင့်။ ဒေါ်ပိုးဥနွယ်၏ ဘယ်ဘက်ဘေးတွင် ထိုင်သည့် ဒေါ်ဖူးငုံက ရေးရီ ဘာမှ ထည့်မစားတာကိုမြင်တော့ ဟင်းလေးတွေ ရေးရီ ပန်းကန်ထဲ လှမ်းထည့်ပေးသေးသည်။

"ဒီနေ့ကတော့ ကိုအောင်ခင်ကို ကျွန်တော် စကားစထားသလိုပါပဲ။အိမ်မှာ ဖိတ်လိုက်လို့ ကိုအောင်ခင့်ကို မလေးစားတာ မဟုတ်ဘူးနော်။ တောင်းရမ်းဖို့သက်သက်က လာမှာ။ ဒါက ကျွန်တော်တို့ မိသားစုနဲ့ ဒုတိယအကြိမ် ထမင်းတူတူစားရင်းနဲ့ ကိစ္စလေးတွေလည်း ရှင်းသွားအောင်လို့ပါ"

ချစ်အတွက် မနက်ဖြန်Where stories live. Discover now