2

270 52 4
                                    

Unicode

နေ့ရက်တွေသည် ပေါ့ပါးစွာနှင့်ကုန်ဆုံးသွားသည်။ ဒရာကိုသည် ခန္ဓာကိုယ်အသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် သုံးရက်ခန့် အချိန်ယူခဲ့ရလေသည်။ အေယွန်ဆိုသည့် လူရှုပ်လူပွေနှင့် စေ့စပ်ပွဲပျက်သွား၍ လက်ရှိဧကရာဇ်နှင့် ဧကရီက မကျေနပ်သော်လည်း ထိုသခင်လေး ဖောက်ပြားနေမှုကို သည်းမခံနိုင်တော့၍ အဆုံးစီရင်ဖို့ပါ ကြိုးစားခဲ့တာကို ထောက်ထားပြီး ဒရာကို့ကို အပြစ်မတင်ပဲ စေ့စပ်ပွဲကိုပင် တရားဝင်ဖျက်ပေးခဲ့ကြသည်။

ဧကရီသည် ဧကရာဇ် စစ်သေနာပတိချုပ်ဘဝကတည်းက ပါရမီဖြည့်လာခဲ့သူဖြစ်ပြီး မင်းသားတစ်ပါးနှင့် မင်းသမီးနှစ်ပါးကို ဖွားမြင်ပေးထားသည်။ ဧကရာဇ်သည် ပထမဆုံးသားတော်ကို ချစ်ခင်လွန်း၍ နောက်ထပ်သားတော်တစ်ပါး ထပ်ထွန်းကားပြီး နန်းလုမှုများ မကြုံရအောင်ပင် ကိုယ်လုပ်တော်များမှအစ ဧကရီအထိ မိန်းကလေးများကိုသာ ဖွားမြင်ခွင့်ပြုခဲ့လေသည်။ ထို့ကြောင့် အင်ပါယာ၏ အိမ်ရှေ့စံမှာလည်း ထိုပထမမင်းသားပင် ဖြစ်ချေတော့သည်။

ဒရာကိုသည် ဝတ္ထုကိုပြန်တွေးရင်း ဥယျာဥ်တော်ထဲမှာ ထိုင်နေသည်။ ကိုယ်ပိုင်လောကကို ပြန်သွားချင်ပေမဲ့လည်း ဒီလိုမျိုး မသေဖို့အရေးကြိုးပမ်းပြီး ရှင်သန်ရသည်ကလည်း ရေကုန်ရေခမ်းဉာဏ်သုံးချင်သည့် သူ့ဝါသနာနှင့် ကိုက်ညီနေ၍ ကစားပွဲတစ်ခုဟုသာ သတ်မှတ်ပြီး အနိုင်ရရှိဖို့ ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်။

"တတိယ အစ်မတော်...သက်သာသွားပါပြီလားရှင့်?"

'လာပါပြီ။ ဇာတ်လိုက်မ..'

ဒရာကို စောင်းငဲ့ကြည့်တော့ စတုတ္တမင်းသမီးငယ်လေးသည် ဖော်ရွေစွာ ပြုံးပြနေသည်။ ရိုဇက်တာ သည် နာမည်အတိုင်း နှင်းဆီလိုလှပသူလေးပင်။ သူမလေးသည် ရဲရဲတောက် နှင်းဆီနီကဲ့သို့ နီရဲနေသည့် အသုံးအဆောင်တို့ကိုသုံးသည့်အပြင် မှော်အစွမ်းသည်လည်း မီးစွမ်းအင်ဖြစ်၍ ထိုအချက်လေးကပင် ဇာတ်လိုက်ရော၊ ဗီလိန်ကိုပါ ဆွဲဆောင်ခဲ့သည်။

"သက်သာသွားပါပြီ။ သတင်းမေးလို့ ကျေးဇူးပါ။"

"အစ်မတော်က ယဥ်ကျေးနေပါလား? အစ်မတော် ပြောင်းလဲသွားတယ်ဆိုတာ တကယ်မှန်တာပဲ။"

Both Villain And ML Are Mine!!Where stories live. Discover now