4

277 48 4
                                    

Unicode

ဆယ်လီယာ အင်ပါယာ နန်းတော်ကြီး၏ လေ့ကျင့်ရေးခန်းမကြီးသည် ကိုယ်ရံတော်ရွေးပွဲကြောင့် စည်ကားနေသည်။ ကိုယ်ရံတော်များသည် တော်ဝင်မိသားစုသာမက အင်ပါယာတစ်ခုလုံးမှ ပြည်သူများရှေ့တွင် မိမိတို့တတ်စွမ်းသမျှကို အချင်းချင်းယှဥ်ပြိုင်တိုက်ခိုက်ပြကြရသည်။ အနိုင်ရရှိသူသည် နှစ်သက်ရာ တော်ဝင်မျိုးနွယ်၏ ကိုယ်ရံတော်အဖြစ် ထမ်းဆောင်နိုင်သည်။

စတုတ္တမင်းသမီး ရိုဇက်တာသည် အကျင့်စရိုက်ကောင်းပြီး ကြင်နာသနားတတ်၍ အများစုသည် သူမ၏ ကိုယ်ရံတော်ဖြစ်ချင်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် တတိယမင်းသမီးကိုတော့ မောက်မာရိုင်းစိုင်းသည်ဆိုပြီး သူမ၏ကိုယ်ရံတော်အဖြစ် အရွေးမခံရဖို့ ကြိတ်ဆုတောင်းနေကြသည်။

ဒရာကိုသည် ခန်းမထဲမဝင်ခင်ကပင် ခန်းမထဲမှ အခြေအနေကို သတိပြုမိနေပြီဖြစ်သည်။

"အရှင်မင်းသမီး...အားမငယ်ပါနဲ့။ မင်းသမီး ပြောင်းလဲသွားပြီဆိုတာကို ပြလိုက်ပါ။ မင်းသမီးအပေါ် သူတို့သဘောထားတွေ ပြောင်းသွားပါလိမ့်မယ်။"

ခန်းမထဲမဝင်သေးပဲ အကြာကြီးရပ်နေမိတာကို ဟာမွန်နီက အားငယ်နေသည်ဟု ထင်သွားပုံရပြီး နှစ်သိမ့်ပေးသည်။ ဒရာကိုလည်း ချောလဲရောထိုင်လုပ်ကာခေါင်းငြိမ့်ပြလိုက်သည်။

'အားငယ်တာ? ငါဒီထဲဝင်လိုက်တာနဲ့ သူတို့ကသာ ငါ့ကိုအထင်သေးမိလို့ အားငယ်သွားကြမှာ!'

"တတိယမင်းသမီး ဒတ်စ်တနီ...ကြွ...ဘုရားသခင်!"

ပွဲကြေငြာသူသည် ဒရာကို့ကို ပထမက မကြည့်ပဲ အော်ပြောလိုက်ပြီးမှ ဒရာကို့ကို သေချာကြည့်ပြီး လန့်သွားရှာသည်။ တတိယမင်းသမီးသည် အလှဘုရင်မ ဖြစ်သော်ငြား အဝတ်အစားရွေးချယ်ရာတွင် မတော်၍ အမြဲလူရယ်စရာဖြစ်အောင် ဝတ်တတ်သည့်အပြင် မျက်နှာခြေကိုလည်း အလွန်အကျွံ လိမ်းခြယ်တတ်၍ တော်ဝင်ဆန်သည့်အလှလေး ပုံစံမပေါက်ပဲ ဆောင်ကြာမြိုင်တွေမှ မိန်းမလှမျိုး ပုံစံပေါက်၍ လူအများက သဘောမကျချေ။

ဒရာကိုကတော့ ယောက်ျားလေးလည်း ဖြစ်တာကြောင့် မျက်နှာခြေလိမ်းရသည်ကိုလည်း မကြိုက်၍ ဘာမှ မလိမ်းခြယ်လာပဲ ဂါဝန်ကိုလည်း အရောင်ဖျော့သည့် မက်မွန်ရောင်နှင့် သက်တောင့်သက်သာအဖြစ်ဆုံး ဂါဝန်ရှည်ကို ဝတ်ဆင်လာသည်။ လက်ဝတ်တန်ဆာအနေဖြင့် ပန်းရောင်စိန်နားဆွဲနှင့် ဘယက်အသေးလေးတစ်ကုံးကိုသာ ဆွဲထားသည်။ ကိုယ်ဟန်အမူအရာသည်လည်း သိမ်မွေ့နေပြီး ယုံကြည်ချက်ရှိရှိနှင့် တစ်လှမ်းချင်းဝင်လာသည်။

Both Villain And ML Are Mine!!Donde viven las historias. Descúbrelo ahora