8

301 52 18
                                    

Unicode

"အ! တော်တော့ဟ! အသက်ရှူမရတော့ဘူး"အ! တော်တော့ဟ! အသက်ရှူမရတော့ဘူး!"

"နည်းနည်းလေးပဲ သည်းခံလိုက်ပါ! ပြီးတော့မယ်!"

နဂိုထဲက သေးပါတယ်ဆိုသည့် ခါးကို ပိုသေးအောင်လို့ အောက်ခံကိုယ်ကြပ်ဝတ်စုံကို ဝတ်ပြီးမှ ဂါဝန်ဝတ်ရန် တိုက်တွန်းကြတာကို လက်ခံလိုက်မိတာကို ဒရာကို နောင်တရနေမိသည်။

'အသက်တောင် ရှူလို့မရတော့ဘူး! ဒီလိုပုံစံနဲ့ဆို ဘာမှစားမရလို့ အရည်ပဲမျိုပြီး ပြန်လာရမဲ့ပုံပဲ!'

"အ! မဝတ်ချင်တော့ဘူး! ချွတ်ပေး!"

"ခဏပဲ သည်းခံ..."

"မင်းသမီးက မဝတ်ချင်ဘူး ပြောနေတာကို ဘာလို့ အမိန့်မနာခံတာလဲ?"

အပြင်မှာ ရပ်စောင့်နေရမည့် ဗီလိန်သည် ရုတ်တရက် အခန်းထဲရောက်လာပြီး ဒရာကို့ကို ကိုယ်ကြပ်ဝတ်စုံ ဝတ်ပေးနေသည့် နန်းတွင်းသူလေး၏ လည်ပင်းကို လှံရှည်မှ ဓားသွားနှင့် ထောက်လိုက်ရင်း ပြောလာသည်။ နန်းတွင်းသူလေးက ကြောက်လို့တုန်နေပြီး တခြားနန်းတွင်းသူလေးတွေကတော့ အောက်ခံကိုယ်ကြပ်ဝတ်စုံသာ ဝတ်ထားသည့် ဒရာကို့အရှေ့ကနေ ကာပေးထားကြသည်။ မိန်းကလေးတစ်ဦး အောက်ခံကိုယ်ကြပ်ဝတ်စုံသာ ဝတ်ဆင်ထားခြင်းမှာ လူအများမြင်ဖို့မသင့်ချေ။ အထူးသဖြင့် ယောက်ျားလေးတစ်ယောက် မြင်ဖို့မသင့်တော်၍ ဒရာကို့ရှေ့မှ ကာပေးထားကြခြင်းပင်။

"အမယ်လေး...ဆာ ပေါ်တာ! ဘာလို့ အခန်းထဲ ဝင်သွားရတာလဲ?! မင်းသမီးက အဝတ်မှ မဝတ်ရသေးတာ! ဒီလိုမျိုးဝင်သွားဖို့ မသင့်တော်ဘူး! စည်းကမ်းချက်တွေ မမှတ်ထားပြန်ဘူးလား? အခုချက်ချင်း ထွက်လာခဲ့!"

"ဒါပေမဲ့...မင်းသမီးက အရမ်းနာနေသလိုမျိုး အော်နေ..."

"တိတ်! ထွက်ခဲ့ဆို ထွက်လာခဲ့! ရှင့်ကို အဝတ်အစား ဆင်ပေးဖို့ လိုက်ရှာတာဖြင့် နှံ့နေပြီ။"

ဂရင်းဂျာ ရောက်လာပြီး ဗီလိန်ကို ပြန်ဆွဲခေါ်သွားမှသာ ကျန်သည့်နန်းတွင်းသူလေးတွေမှာ သက်ပြင်းချနိုင်တော့သည်။

'နောက်မှ နန်းတွင်း စည်းကမ်းချက်တွေ သင်ပေးရဦးမယ်။ မဟုတ်ရင် လူကြားထဲမှာ အရှက်ကွဲလိမ့်မယ်'

Both Villain And ML Are Mine!!Where stories live. Discover now