7

264 48 18
                                    

Unicode

ဆယ်လီယာအင်ပါယာ၏ ပင်တိုင်စျေးထဲတွင် လူတွေစည်ကားရာ တစ်နေရာရှိသည်။ ထိုနေရာကတော့ လွန်ခဲ့သည့်နှစ်ကမှ နာမည်ကြီးလာသည့် ဆေးစပ်သူလေးမှ ပိတ်ရက်တိုင်း အခြေခံလူတန်းစားတွေကို ကျန်းမာရေးဒါနပြုပေးသည့် နေရာလေး ဖြစ်သည်။

"အခုတလော...ဘယ်လို လက္ခဏာတွေ ခံစားနေရလဲ? သေချာပြောပြပေးပါ။"

ဒရာကိုသည် လေတစ်ချက်အဝှေ့မှာ လွင့်သွားသည့် ခြုံထည်ကို ပြန်ဆွဲယူလိုက်ကာ ခေါင်းမှာပြန်ခြုံရင်း လူနာတွေ တစ်ယောက်ပြီးတစ်ယောက်ကို ရောဂါအခြေအနေတွေ မေးမြန်းနေသည်။ လူနာပြောသမျှကို စာထဲချရေးလိုက်၊ နောက်တစ်ယောက်ဆီ ပြေးသွားလိုက်နှင့် အလုပ်ရှုပ်နေသလို ကိုယ်ရံတော်နှစ်ဦးသည်လည်း လိုသမျှကို လိုက်ကူပေးရင်း အလုပ်ရှုပ်နေကြသည်။ အတိအကျပြောရရင်တော့ ဒရာကို့အကြောင်းကို ပိုသိနေသည့်ဇာတ်လိုက်က အခုမှ စရောက်လာသည့် ဗီလိန်ကို နိုင်ကွက်နင်းပြီး ခိုင်းနေသည်ဆိုတာက ပိုမှန်ပါလိမ့်မည်။

"အရှင်မင်း..အဲ..သခင်မလေးက ဒီပ္စည်းတွေက ယားနာသည်တွေအတွက်လို့ ပြောထားခဲ့တာလေ။ မင်းမကြားလိုက်ဘူးလား?"

"ခင်ဗျား...အဟမ်း! အခုပဲ နေရာရွှေ့လိုက်ပါ့မယ်။"

ဗီလိန်သည် မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်တာကြောင့် ဇာတ်လိုက်ခိုင်းသမျှကို အံကြိတ်ပြီးလုပ်ရုံသာ တတ်နိုင်သည်။ ဒရာကိုကလည်း မအားတာကြောင့် ဗီလိန်ဘက်က ဝင်မပါပေးနိုင်၍ ဇာတ်လိုက်မှာ စိတ်ကြိုက် ဗီလိန်ကို ခိုင်းစားနေတော့သည်။

ဒရာကိုလည်း အလုပ်နည်းနည်းအားသွားမှ ကိုယ်ရံတော်နှစ်ယောက်ဘက်ကို အာရုံစိုက်မိတော့ ဇာတ်လိုက်သည် ဒရာကို သင်ပေးထားသည့် အရေးပေါ်ကုသနည်းဖြင့် ကလေးမလေးတစ်ယောက်၏ ဒဏ်ရာကို ဆေးထည့်ပေးနေပြီး ဗီလိန်ကတော့ ကလေးမလေး၏ မောင်လေး ဖြစ်ပုံရသည့် ကလေးပိစိလေးကို ရင်ခွင်ထဲ ပိုက်ထားကာ အငိုတိတ်အောင် ချော့နေသည်။ နှစ်ယောက်သား အတွဲညီညီလုပ်နေပုံ​က ချစ်စရာကောင်းလှ၍ ဒရာကို ရပ်ကြည့်နေမိသည်။

"ခဏလေးနော်။ ဒါလေးလုပ်ပြီးရင် သက်သာသွားမှာ။"

"ဟုတ်...ကျေးဇူးပါ။"

Both Villain And ML Are Mine!!Where stories live. Discover now