9

258 56 9
                                    

Unicode

ကပွဲသည် ညနက်လာသောအခါ အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွားတော့သည်။ ဒရာကိုလည်း နန်းဆောင်ကို ပြန်ရောက်တာနှင့် ဗိုက်ဆာနေ၍ ညစာထိုင်စားနေလိုက်သည်။

"ဆာ ပေါ်တာ...ဆာ ကိုင်းလ်...အတူဝင်စားသွားချေ။"

ဝင်တားမည့် အထိန်းတော်ကြီးကလည်း နောက်ကျနေပြီဖြစ်၍ အိပ်ပျော်နေတာကြောင့် ဒရာကို ဖိတ်ခေါ်လိုက်ခြင်းပင်။

"မသင့်တော်ပါဘူး...အရှင်မင်းသမီး!"

"ဆာကိုင်းလ်...လျှာမရှည်နဲ့။ လာထိုင်စားလိုက်။"

"ခွီး!"

ဇာတ်လိုက်မှာ ဒရာကိုဟောက်တာခံလိုက်၍ စားပွဲမှာကုပ်ကုပ်လေး ဝင်ထိုင်သည်။ ဗီလိန်က ထိုပုံစံကိုကြည့်ရင်း ရယ်လိုက်ကာ ဇာတ်လိုက်နှင့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။

ဒရာကိုသည် ကြွပ်ရွနေသည့် ပုဇွန်တစ်ကောင်ကို ပန်းကန်ပြားထဲထည့်ကာ ဇာတ်လိုက်ဆီကို ကမ်းပေးလိုက်သည်။ အလားတူပင် ဗီလိန်ကိုလည်း မနစ်နာရအောင် ကြက်သားတစ်တုံးကို ထည့်ပေးလိုက်ကာ ကမ်းပေးလိုက်သည်။

"အရှင်မင်းသမီး...ကျွန်တော်မျိုး ပုစွန်ကြိုက်တာ ဘယ်လိုသိလဲ?"

"ကျွန်တော်မျိုး ကြက်သားကြိုက်တာရောပဲ။"

နှစ်ယောက်သားသည် ဒရာကို့ကို မျက်လုံး အပြူးသားလေးနှင့် ကြည့်ကာ မေးလာ၍ ဒရာကိုမှာ ဖြေရအခက်။

'ဝတ္ထုဖတ်ရင်း သိလာတာဆိုတာကို ဘယ်လိုပြောရမလဲ? ဇာတ်လိုက်မက မင်းတို့ နှစ်ယောက်ကို အမြဲလုပ်ကျွေးတယ်လို့ ရေးထားတာတွေ့လို့ ဒီတိုင်း ကျွေးလိုက်ရုံပါ။'

"အဟမ်း...မင်းတို့က ဒီမင်းသမီးအတွက် အရေးကြီးတဲ့လူတွေပဲလေ။ မသိပဲနေမလား?"

'အရမ်းအရေးကြီးတဲ့ သူတွေလေ။ တစ်ချိန်မှာ ငါ့ကို သတ်ကြမှာလေ။ အချိုသပ်ထားမှ ရမဲ့ဟာလေးတွေ။'

ဇာတ်လိုက်၏ နားရွက်ဖျားတွေက ရဲတက်သွားပြီး ဗီလိန်ကတော့ ချက်ချင်း ခေါင်းငုံ့သွားတော့သည်။

'ဘာဖြစ်သွားကြတာတုန်း?!'

ဒရာကို နည်းနည်းတော့ ကြောင်အသွားပေမဲ့ အများကြီး ဆက်မတွေးတော့ပဲ

You've reached the end of published parts.

⏰ Last updated: May 14 ⏰

Add this story to your Library to get notified about new parts!

Both Villain And ML Are Mine!!Where stories live. Discover now