5

299 62 21
                                    


Unicode

ဆယ်လီယာနန်းတော်။ ကမ်မယ်လီယာ နန်းဆောင်တွင် တတိယမင်းသမီး ဒတ်စ်တနီသည် တပ်မှူးချုပ် ရွန်နယ်လ် ဝေစလေ ပို့လိုက်သည့် စာကိုဖတ်နေသည်။

'ခဏလေးနဲ့ ပြန်ကောင်းသွားတာပဲ။ ကိုယ်ရံတော် လေ့ကျင့်ရေးတောင် ဆင်းနေပြီ။ တစ်နှစ်လောက်ဆိုရင် အဆင်သင့်ဖြစ်ပြီတဲ့။'

"အရှင်မင်းသမီး...မကောင်းတော့ဘူး!"

"ဂရင်းဂျာ...အော်ကြီးဟစ်ကျယ်နဲ့ ဘာဖြစ်လာလို့လဲ?"

စာကြည့်ခန်းထဲ ပြေးဝင်လာသည့် ဟာမွန်နီကို အသာဟောက်လိုက်ပြီး လက်ဖက်ရည်ပန်းကန်လုံးကို လှမ်းယူနေစဥ်

"ဆာ ကိုင်းလ် ကို စတုတ္တမင်းသမီးက တိုက်ခိုက်ရေး ကျင့်တာ  လိုအပ်တာရှိမရှိ ကြည့်ပေးဖို့ လာခေါ်သွားတယ်! ဆာ ကိုင်းလ် ကလည်း မင်းသမီးဆီကိုတောင် သတင်းမပို့ပဲ တစ်ချိုးထဲ လိုက်သွားပါတယ်!"

"ဘာ?!"

'ဒါတော့ နည်းနည်းများသွားပြီ...အဓိက ဇာတ်ကောင်တွေရေ!'

လွန်ခဲ့သည့်တစ်လလုံး ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ ဘာပဲလုပ်လုပ် ဒရာကို မျက်စိမှိတ် လျစ်လျှူရှုပေးခဲ့သည်။ ဒရာကိုကလည်း နန်းဆောင်ထဲမှာပဲ အနေများ၍ ကိုယ်ရံတော်လည်း မလိုအပ်သေးတာကြောင့် ဇာတ်လိုက်ကို ဇာတ်လိုက်မက လာခေါ်တိုင်း လက်ခံပေးခဲ့သည်။

"တတိယအစ်မတော်...ဆာ ကိုင်းလ်ကို ခဏငှားသွားပါရစေ။"

"အင်း။"

"တတိယအစ်မတော်...ရိုဇက်ကိုယ်တိုင်လုပ်ထားတဲ့ မုန့်လေးတွေ။ ဆာ ကိုင်းလ်ကိုပါ ကျွေးနော်။"

"အင်း။"

"တတိယအစ်မတော်...ဆာ ကိုင်းလ် နဲ့ စကားလေးပြောချင်လို့။"

"ငါရှောင်ပေးမယ်။"

စသည်ဖြင့် အကုန်လုံးကို လျစ်လျှူရှုပေးခဲ့သည်။ သို့ပေမဲ့ ဒင်းတို့က တဖြည်းဖြည်း လွန်လာသည်ဟု ဒရာကို ခံစားမိလာသည်။ ဟီယွန် ကိုင်းလ်သည် တတိယမင်းသမီး၏ ကိုယ်ရံတော်အဖြစ် ဧကရာဇ်ကိုယ်တိုင်က ခန့်အပ်ထားသူပင်။ တတိယမင်းသမီး၏ အမိန့်ကို တသွေမသိမ်း လိုက်နာရပြီး တတိယမင်းသမီးဆီမှ ခွင့်ပြုချက်ရမှသာ အနားမှခွာရသူ ဖြစ်သည်။ အခုတော့ စည်းကမ်းတွေကို ချိုးဖောက်လာသည်အထိ ဖြစ်လာ၍ ဒရာကို သည်းမခံနိုင်တော့။ ထို့ကြောင့် ထရပ်လိုက်ပြီး

Both Villain And ML Are Mine!!Where stories live. Discover now