Fall In Love During THINGYAN

1.4K 22 0
                                    

Unicode
*********

သင်္ကြန်လက်ဆောင်လေးပါဗျ။

သင်္ကြန်အရသာလေးတွေကို ခံစားစေချင်လို့ပါ။ မခံစားရတာ ကြာပြီမဟုတ်လား။ ကျွန်တော့်လိုပဲ သင်္ကြန်အတွင်း မဆော့ကြမယ့်သူ၊ အိမ်တွင်းအောင်းမယ့်သူတွေအတွက် သင်္ကြန်ရက်တွေအတွင်း သင်္ကြန်အရသာလေး ခံစားလို့ရအောင် ဒီ fic လေးကို လက်ဆောင်အဖြစ် ရေးပေးတာပါဗျ။

Fall In Love During THINGYAN ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါးလေးပဲ ရေးထားပါတယ်။ ဒီ fic ကို BL သီးသန့်၊ GL သီးသန့်၊ Boy & Girl သီးသန့်လည်း ရေးထားတာမဟုတ်ပါဘူး။ Mini-story လေး သုံးပုဒ်နဲ့ ရေးထားတာဖြစ်ပါတယ်ဗျ။ Mini-story လေး သုံးပုဒ်က Normal ( BG ), Boys Loves ( BL ), Girls Loves ( GL ) သုံးမျိုးလုံးကို ရေးထားပြီး သင်္ကြန်တွင်း အချစ်ဇာတ်လမ်းလေး သုံးပုဒ်ကို ဖတ်ရမှာဖြစ်ပါတယ်။ သုံးမျိုးလုံးဆိုတော့ အရသာသုံးမျိုးရတာပေါ့။ ပေါ့ပေါ့ပါးပါး Plots ဖြစ်တဲ့အတွက် အရမ်းကြီး လောင်ရမှာတွေ မပါပါဘူး။ ကြို Spoil ထားတော့ အရသာပေါ့သွားပြီလား မသိဘူး။😌😌

သင်္ကြန်အရသာကို ခံစားစေချင်တာဖြစ်တဲ့အတွက် သင်္ကြန်တွင်းမှာပဲ Fic ကို up ပေးမှာပါ။

အကြိုနေ့မှာ prologue

အကျနေ့မှာ Normal အတွဲလေး

အကြတ်နေ့မှာ GL အတွဲလေး

အတက်နေ့မှာ BL အတွဲလေး

Mini-stories တွေဖြစ်တဲ့အတွက် တစ်ပုဒ်စီမှာ အပိုင်းလည်း ၆ ပိုင်း၊ ၇ ပိုင်းလောက်စီပဲ ပါမှာ။ တစ်ရက်ကို တစ်ပုဒ်အပြီး up ပေးမှာဖြစ်တဲ့အတွက် တစ်ပုဒ်စီကို စောင့်စရာမလိုပါဘူး။ သုံးပုဒ်လုံးဆိုရင်တော့ စောင့်ရမှာပေါ့။ ဇာတ်လမ်းတစ်ခုကို စောင့်စရာမလိုဘူးပေါ့။

နောက်ပြီး သင်္ကြန်အရသာလေး ပိုကဲအောင်လို့ တစ်ပိုင်းစီမှာ သင်္ကြန်သီချင်းလေးတွေကို entertainment အနေနဲ့ ထည့်ပေးသွားပါ့မယ်။ ဒါကြောင့် တစ်ပိုင်းလောက်မှာ သီချင်းမပါရင် ပြောကြပါ။ ဇာတ်ဝင်တေးပုံစံမျိုးတော့ မဟုတ်ပါဘူး။ သင်္ကြန်အရသာလေး ပိုရအောင်လို့ပါ။ သင်္ကြန်သီချင်းလေးတွေ နားထောင်ရင်း Fic ဖတ်ကြတာပေါ့🥰🥰

Fall In Love During THINGYAN ( Completed )Where stories live. Discover now