GL Couple ( Unicode ) 6

142 4 0
                                    

မနက်ပိုင်းတွင်တော့ ချစ်ဆုံးနွေက ဧည့်သည်တွေကိုညသွားခေါ်သည်။ ငုဝါမောင်ကတော့ ချစ်ဆုံးနွေ၏ အိမ်ရှေ့ရှိ အုန်းလက်မဏ္ဍပ်လေးတွင် ကလေးတွေနဲ့အပြိုင် ကဲနေလေသည်။ မြင်းလှည်းတွေနဲ့ ဧည့်သည်တွေရောက်လာတော့ ငုဝါမောင်က ကလေးတွေထက်ကဲပြီး ရေအရင်ပက်သည်။ သူ့ရေတွေမှန်သမျှ လားရာက ချစ်ဆုံးနွေဆိုသော အမျိုးသမီးလေးဆီမှာပင်။

" ငုဝါမောင် "

" ပြောလေ "

" ရှင် ရေကိုဘယ်လိုပက်နေတာလဲ "

" Sorry ပါ နွေရယ်... လက်လွန်သွားလို့ "

သနားစဖွယ် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ လုပ်နေတဲ့ပုံစံလေးက အခြားသူများဆို အရည်ပျော်သွားလောက်ပြီ။ သို့သော် ချစ်ဆုံးနွေက မျက်စောင်းတစ်ချက် ‌ပေးပြီး စတုဒိသာမဏ္ဍပ်ထဲသို့ ဧည့်သည်များကို ဦးဆောင်၍ ဝင်သွားလေသည်။

" စိတ်ဆိုးသွားတာလား "

" မမ.. ဟိုနားက ပိတောက်ပင်မှာ ပိတောက်ပန်းတွေ ပွင့်နေပြီ "

" ဟုတ်လား... မိုးရွာသွားတာလား.. သိတောင်မသိလိုက်ဘူး "

" သမီးတို့ဆီမှာက မိုးနည်းတယ်လေ... မမ ကံကော်တယ်နော်၊ ညတုန်းက တစ်ပေါက်နှစ်ပေါက် ကျသွားတာ "

" အဲ့ဒါဆို သွားခူးကြမယ်လေ "

ကလေးတစ်သိုက်နဲ့ ပိတောက်ပင်သို့ ရောက်လာသည်။ အပင်ကမြင့်သည်၊ လှမ်းမီနိုင်သည့် အခြေအနေတွင်မရှိ။ ထို့ကြောင့် အပင်ပေါ်တက်ရမည်။ များများစားစား စဉ်းစားမနေတော့ အပင်ပေါ်တက်ကာ ခူးတော့သည်။

" နွေ.. "

ပိတောက်ပန်း တပွေ့တပိုက်နဲ့ ငုဝါမောင်ပြန်ရောက်လာသည်။ ပိတောက်ပန်းတွေ တွေ့လိုက်ရတော့ ချစ်ဆုံးနွေ ရေးရေးလေး ပြုံးလိုက်မိသည်။ ထို့ထက် သူ့ကိုဦးတည်ကာ လာပေးတဲ့အခါမှာ အပြုံးလေးက လှပစွာ ပွင့်အံလာ၏။

" မောင် ပန်ပေးမယ်လေ "

တားချိန်မရလိုက်ပါဘဲ ပိတောက်တစ်ခက်က သူ့ဆံနွယ်ရှည်ရှည်လေးတွေပေါ်တွင် နေရာယူသွားသည်။ လုပ်ချင်တာလုပ်လိုက်ရသဖြင့် ဂုဏ်ယူသည့်မျက်ဝန်းက တောက်ပနေ၍ ကျေနပ်သည့်အပြုံးက နှုတ်ခမ်းထက်တွင် တွဲလွဲခိုနေသည်။ ထိုတစ်ခဏအတွင်း ချစ်ဆုံးနွေ ရင်ဘတ်ထဲကအကောင်လေး ဘယ်နှကြိမ်လောက် ခုန်ပေါက်သွားသည်မသိ။

Fall In Love During THINGYAN ( Completed )Where stories live. Discover now