Normal Couple ( Zawgyi ) 1

64 1 0
                                    

ပိတောက်တစ်ခက် ချစ်သက်လက်ဆောင်
**********************************

သင်္ကြန်အကြိုနေ့မတိုင်ခင် ၂ ရက်လောက်မှာ မန္တလေးသို့ ရောက်လေသည်။ သင်္ကြန်ချိန်ခါမို့ မန္တလေးမြို့၌ မဏ္ဍပ်များက ဟိုဟိုဒီဒီ မြင်နေရသည်။ ပန်းဝါဝါတို့ ပွင့်နေကြသည့် သပြေဘူတပင်တို့မှာလည်း လမ်းတစ်လျှောက် ရွှေပန်းခိုင်များပွင့်နေသကဲ့သို့ ဝင်းဝါနေကြသည်။

ကံ့ကော်မောင်နဲ့ ပိတောက်မောင်က ပုံမှန်ပဲဆိုပေမယ့် ငုဝါမောင်ကတော့ စူပုတ်ကာ မျက်နှာရှစ်ခေါက်ချိုးနဲ့ ပါလာလေသည်။ ခြံအကျယ်ကြီးနဲ့ အိမ်ကြီးက သားသားနားနား ထည်ဝါသည်။ သူတို့အိမ်လောက် မကြီးပေမယ့် တခြားသူများထက်တော့ သာသည်။

" ဟော... မမမေတို့ ရောက်လာကြပြီ... သီရိ သွားကြိုချေဦး "

" အမေတို့ကလည်း.... "

မသွားချင် သွားချင်နဲ့ မောင်းဝင်လာသည့်ကားကို သွားကြိုရသည်။ ကားပေါ်မှ ဒေါ်မေသင်္ကြန်တို့ မိသားစု ဆင်းလာကြသည့်အခါ သူနဲ့ အသွင်တူနေသည့် စူပုတ်ပုတ် ငုဝါမောင်ကို ပြေးမြင်သည်။ ကံ့ကော်မောင်ကိုတော့ မမြင်ရလေအောင် ကြည့်ကိုမကြည့်ပေ။ မျက်နှာပူလို့။

ကံ့ကော်မောင်ကလည်း သီရိနွယ်ကိုမြင်တော့ အကြည့်လွှဲလိုက်မိသည်။ ဘာဖြစ်လို့ သီရိနွယ်နဲ့မှ မင်္ဂလာဆောင်ပေးချင်နေကြတာလဲ။ သီရိနွယ်နဲ့ ငုဝါမောင်တို့က ပုံစံတူတွေလေ။ ယောက်ျားမကျ၊ မိန်းမမကျတွေ။

ကံ့ကော်မောင်ရဲ့ သက်ပြင်းချသံက နည်းနည်းကျယ်သွားတော့ ပိတောက်မောင်နဲ့ ငုဝါမောင်တို့က လှည့်ကြည့်လိုက်သည်။ သည်နှစ်သင်္ကြန်တော့ မပျော်ရတော့ဘူးလားပဲ။

" မမမေတို့ လာ လာ.. နွယ်တို့က စောင့်နေတာ "

ဒေါ်နွယ်နွယ်နဲ့ ဒေါ်မေသင်္ကြန်တို့က စကားပြောဖို့ ဧည့်ခန်းသို့ ဝင်သွားကြသည်။ ဦးနွမောင်ကိုလည်း သီရိနွယ်ရဲ့အဖေ ဦးမင်းစိုးက ခေါ်သွားသည်။ ကံ့ကော်မောင်နဲ့ ပိတောက်မောင်လည်း လူကြီးတွေနောက် လိုက်သွားရ၏။ ငုဝါမောင်ကိုတော့ သီရိနွယ်က လက်ယပ်ခေါ်သဖြင့် ထွက်သွားကြလေသည်။

Fall In Love During THINGYAN ( Completed )Where stories live. Discover now