BL Couple ( Unicode ) 1

119 3 0
                                    

မျက်ဝန်းထဲက ပိတောက်တစ်ခက်
****************************

မန္တလေးသို့ လိုက်လာရသည်မှာ သူ့အတွက်တော့ ထွေထွေထူးထူးဖြစ်မနေပေ။ သူ့အစ်မလိုလည်း စူပုတ်မနေ၊ သူ့အစ်ကိုလိုလည်း မှုန်မှိုင်းမနေ၊ သာမန်အတိုင်းလေး လိုက်လာရုံသာ။ ၉ တန်းဖြေပြီးဆိုသော်လည်း စိတ်က ကလေးလိုပင်။ မိဘစကားနားထောင်သည့် အလိမ္မာဆုံး သားငယ်လေး။

သီရိနွယ်တို့အိမ်ရောက်တာနဲ့ အစ်ကိုဖြစ်သူ ကံ့ကော်မောင်ကလည်း သူ့ကိစ္စနဲ့သူ၊ အစ်မဖြစ်သူ ငုဝါမောင်ကလည်း သူ့အလုပ်နဲ့သူ ရှုပ်နေကြသည်။ ပိတောက်မောင်ကတော့ ဘာနဲ့မှမဆိုင်၊ ဂရုလည်းမထားပေ။

" မိခိုင်တို့ရေ... အထုပ်အပိုးတွေသယ်ပြီး အိပ်ခန်းထဲမှာ နေရာချပေးလိုက်ကြဦး "

" မေမေ သား နားချင်ပြီ "

" အေး.. အေး.. မိခိုင်တို့နဲ့ လိုက်သွားချေ "

ဒေါ်နွယ်နွယ်က ခွင့်ပြုသည်။

" ဟုတ် "

ပိတောက်မောင်လည်း မိခိုင်ဆိုသော မိန်းကလေးနောက် လိုက်သွားပြီး အိပ်ခန်းရောက်သည်နဲ့ ဘာမှမစဉ်းစားတော့ဘဲ မျက်စိမှိတ်အိပ်ပစ်လိုက်သည်။ ကလေးဖြစ်၍ လူကြီးတွေကိစ္စ ဝင်မပါချင်ပါပေ။

ညနေပိုင်း သူနိုးလာလေတော့ အိမ်အောက်ထပ်မှာ အစ်မတစ်ယောက် ရောက်နေသည်။

" အငယ်ကောင်.. အခုမှ နိုးတာလား "

လှေကားအဆင်းမှာ သမ်းဝေနေတဲ့ ပိတောက်မောင်ကို ငုဝါမောင်က လှမ်းခေါ်တော့ သွားလိုက်သည်။ ထို့နောက် ထို နွယ်ဦးမေဆိုသော အစ်မနဲ့ မိတ်ဆက်ပြီးနောက် လူများရောက်လာသဖြင့် မန္တလေးသင်္ကြန်၏ အဓိကအစီအစဉ်များဖြစ်သည့် မဏ္ဍပ်တွင်ဖျော်ဖြေရေးအတွက် အကတိုက်ခြင်း၊ သီချင်းတိုက်ခြင်းများ ပြုလုပ်ကြတော့သည်။

ပိတောက်မောင် စိတ်ဝင်တစား နားထောင်နေသော အစီအစဉ်ကတော့ သင်္ကြန်သံချပ်ပင်။ သင်္ကြန်၏ အဖြစ်အပျက်များကို ကာရန်များနဲ့ ပုံဖော်၍ ခပ်မြူးမြူး ဒိုးသံနဲ့တကွ လူငယ်များကို အသိပေး၊ သတိကြပ်ပေးနေသည့် အရာတစ်ခုပင်။ သတိပြုစရာ၊ ဂရုပြုစရာ၊ ထိန်းစရာ၊ သိမ်းစရာများကို တိုတိုနဲ့လိုရင်း ထိထိမိမိ တိုက်တွန်းထားသော သံချပ်ကဗျာပင်။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များ စသည့် အထိမ်းအမှတ်နေ့များတွင် သူတို့ကျောင်းများတွင်လည်း ထိုသို့သံချပ်တိုက်ရသည်များ ရှိသည်။ သူ တစ်ခါမှတော့ မပါဝင်ဖူးပါချေ။

Fall In Love During THINGYAN ( Completed )Where stories live. Discover now