GL Couple ( Zawgyi ) 4

13 1 0
                                    

" ဧည့်သည်တွေကို လမ်းပြပေးဖို့ Guide တွေခေါ်ပြီးပြီ မမငုဝါ... မနက်ဖြန် အကျနေ့မှာ ဧည့်သည်တွေကို ၃ စုခွဲပြီး ပုဂံဘုရားတွေကို အလှည့်ကျလိုက်ပို့ပေးပါမယ် "

" တခြားအစီအစဉ်ရော ရှိသေးလား "

" အခြားအစီအစဉ်တွေတော့ ထွေထွေထူးထူး မရှိပါဘူး.... ဧည့်သည်တွေက ရေမဏ္ဍပ်တွေကိုလည်ဖို့ သူတို့ဘာသာ စီစဉ်ထားပြီးသားပါ... မေလေးတို့က ဘုရားဖူးလိုက်ပို့ပေးရုံပဲ... နောက်ပြီး ဧည့်သည်တွေက သင်္ကြန်ရက်ထဲမှာဆိုတော့ နာမည်ကြီးဘုရားတွေလောက်ပဲ သွားကြမှာ "

ငုဝါမောင် ခေါင်းညိတ်သည်။ သည်လိုဆိုလျှင် သူဘာမှသိပ်လုပ်စရာ မလိုပါပေ။ လာပြီး ကြည့်ရုံ၊ ရှုရုံ၊ လူယောင်ပြရုံ လာရခြင်းပင်ဖြစ်သည်။

" ဒါနဲ့ မမငုဝါ.. ညနေကျရင် သင်္ကြန်ရေစပြီး ကစားကြပြီ... လျှောက်မလည်ဘူးလား "

" အင်းလေ သွားမှာပေါ့ "

စကားသံတွင် တက်ကြွမှုမပါ၊ သက်ပြင်းချသံလေးတောင် နည်းနည်းပါချင်နေသေးသည်။ ဒါပေမဲ့ သင်္ကြန်ကိုတော့ လျှောက်လည်ဦးမည်။ သည်အတိုင်းကြီး ပြီးသွားလျှင် သူ့အတွက်နစ်နာပေဦးမည်။ ' သင်္ကြန်အစ ပုဂံက ' ဆိုသည့် စကားလည်းရှိသည်။ ပုဂံဆိုတော့လည်း ပုဂံအတွေ့အကြုံပေါ့။

သို့နှင့် ပုဂံမြို့ထဲက သင်္ကြန်ပွဲတော်အတွက် ပြင်ဆင်ထားသော ရေကစားမဏ္ဍပ်များဆီသို့ ရောက်လာသည်။ အလှဆင်ထားသည့် လမ်းတစ်လျှောက်တွင် သင်္ကြန်အကမယ်လေးများက ကရင်း၊ လှရင်း လမ်းလျှောက်လာကြသည်။ အဖွဲ့လိုက်ကပြခြင်းဖြစ်၍ ညီညာနေမှ ကြည့်လှသည်။ ယခု ခြေလှမ်းမှအစ ညီညာနေလေတော့ မျက်စိပသာဒဖြစ်၏။

ထိုစဉ် ငုဝါမောင်တစ်ယောက် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံချင်ဘူးဟုဆိုလျှင် မမှား။ ပန်းများရောင်စုံကြားမှာ တစ်ပွင့်တည်း ငွားငွားစွင့်စွင့် အလှပဆုံးပွင့်လန်းနေသကဲ့သို့သော အလှတရားပိုင်ရှင်လေးကို ရုတ်တရက် မြင်လိုက်ရသည်။ မျက်စိများမှားရော့သလား။

ယိမ်းသမလေးများကို ကြည့်နေရာမှ သူ့အာရုံအလုံးစုံကို ကချေသည်လေးများဆီမှ စုယူသွားသည်က လမ်းပေါ်တွင် ဖျတ်ခနဲမြင်လိုက်ရသော အမျိုးသမီးလေးတစ်ဦး။ ဆံနွယ်က ခြေသလုံးမရောက်တရောက် ရှည်ပြီး၊ သနပ်ခါးလေးလိမ်းလို့ မပွင့်သေးသည့် ပိတောက်ဖူးလေးတစ်ခက်ကို ပန်ထားသေးသည်။

Fall In Love During THINGYAN ( Completed )Where stories live. Discover now