၂၉ - (UNICODE)

33.3K 3.3K 1.5K
                                    

UNICODE

နှစ်ခြိုက်စွာအိပ်မောကျနေသူရဲ့ နဖူးပြေပြေလေးကို ဖွဖွကလေး ငုံ့မိုးနမ်းရှိုက်မိလျက် အိပ်ရာပေါ်ကနေ လျောဆင်းလိုက်မိတယ်။ အဖျားကျသွားပြီဆိုပေမဲ့ ကျောင်းလွှတ်လို့မဖြစ်သေး။ မနက်ဖြန်ဆို မမခက်သစ္စာတို့ဆီ သွားရတော့မှာမို့ မလိုက်နိုင်တာမျိုးကို မဖြစ်စေချင်။ ကန့်အတွက်ကတော့ ရည်းစားလေးထက်များ ကျောင်းက အရေးကြီးမှာတဲ့လား။ ဒီနေ့အတွက် ကျောင်းမှာ ကျူတိုရီရယ်မကလို့ စာမေးပွဲပဲရှိရှိ စန္ဒြကန်တို့က တုန်လှုပ်နေမှာမဟုတ်။

"ဟော... ပူတူး နိုးနေပြီလား၊ တယ်စောပါလားကွ"

ဦးမျိုးညွန့် လှေကားပေါ်တက်မယ်အလုပ် ပူတူးက ဆင်းအလာမို့ နေရာမှာရပ်စောင့်လျက် နှုတ်ဆက်လိုက်မိတယ်။ တိုင်ကပ်နာရီက မနက် ၆ နာရီဆီ ညွှန်ပြလုနီးပါး။ ဒီကလေး ဒီအိမ်မှာ ညအိပ်တာ နှစ်ကြိမ်ရှိပါပြီ။ ပထမတစ်ကြိမ်က တိုက်ကြီးအပြန် လရောင် နေမကောင်းဖြစ်လာတုန်းဖြစ်ပြီး ဒါကဒုတိယအကြိမ်ပါ။ နှစ်ကြိမ်ကြားမှာ ဘယ်အရာက တိုးတက်သွားလဲဆိုရင် ကလေးနှစ်ယောက်ကြားက မေတ္တာတရားလို့ပဲ ဦးမျိုးညွန့် ဖြေမိပါလိမ့်မယ်။

"ဟိုလေ... ကျွန်တော် အဆိုင့်အတွက် တစ်ခုခုချက်ပြုတ်ချင်လို့"

"ဟေ..."

အံ့ဩသွားတာကို သိသလို ချစ်စဖွယ်လူငယ်လေးက ခေါင်းတုံးကို ပွတ်သပ်လျက် ပြုံးနေတယ်။

"ပူတူးက ချက်ဖူးလို့လား"

"မချက်ဖူးပေမဲ့ အဆင်ပြေမှာပါ"

တစ်မျိုးလုံးက ဝိုင်းဖူးဖူးမှုတ်ထားတဲ့ သုံးနှစ်သားက ဟင်းချက်တတ်တယ်ဆိုမှ ထူးဆန်းနေမှာ မဟုတ်ဘူးလား။ ဦးမျိုးညွန့် ပြုံးလိုက်မိပြီး...

"ဦးလေး အပြင်မသွားခင် ချက်ပေးခဲ့ပါ့မယ်ကွာ၊ ပူတူး ဘာချက်ပေးချင်လို့လဲ"

လူငယ်လေးက ဦးမျိုးညွန့်အနား လှစ်ခနဲရောက်လာပြီး...

"ဦးလေး ဘယ်သွားမလို့လဲ"

"မိတ်ဆွေအရင်းတစ်ယောက် မိခင်ဆုံးလို့ကွာ၊ သတင်းမေးရင်း လိုအပ်တာလေးတွေ ကူပေးမလို့"

"သူ" ခိုမှီနားခွင့် (ခေတ္တရပ်နား)Where stories live. Discover now