၄၁ - (ZAWGYI)

5.7K 205 14
                                    

ZAWGYI

"တော်တော်ကဲခဲ့ကြတာပဲဗျာ"

ဦးမျိုးညွန့်မှာ ရယ်ရလွန်းလို့ သွားမစေ့နိုင်ခဲ့။ လက်ရှိကာလကိုပါ မေ့လျော့သွားနိုင်လောက်တဲ့အထိ လရောင်နဲ့ ပူတူးရဲ့ ငယ်ဘဝလေးက ဦးမျိုးညွန့်ကို ဆွဲဆောင်ထားနိုင်ပါတယ်။

"ဘယ်ကမလဲ ကိုမျိုးညွန့်ရေ၊ မြွေပေါက်စလေးတွေဆို ဘယ်ကတွေ့တွေ့လာမှန်းမသိ၊ လက်ဖဝါးပေါ် တင်ယူလာတာ အခါပေါင်းဘယ်နည်းမှာလဲ၊ တစ်ခါကလဲ လင်္ကာရမွေးနေ့မှာ လက်ဆောင်ဆိုပြီး တီကောင်လောက်ပဲ ရှိသေးတဲ့ ဂန်သာမိုးသားမြွေပေါက်လေးနှစ်ကောင်ကို အုန်းမုတ်ခွက်ထဲ ထည့်ယူလာပေးလို့ တစ်အိမ်လုံး ဗြောင်းဆန်သွားသေးတာဗျာ"

ဒေးဗစ်စကားကို ချိုလေးက ထောက်ခံတယ်။

"တစ်ဦးမေတ္တာတစ်ဦးလို့ပဲ ပြောရမလား၊ သူတို့လောက် အန္တရာယ်ရှိတဲ့ အကောင်ပလောင်တွေကို ကိုင်ဖူးတာလဲ သူတို့ပဲ၊ ဘယ်တုန်းကမှ ခြစ်ရာလေးတစ်ခုတောင် မထင်ဖူးတာလဲ သူတို့ပါပဲ ကိုမျိုးညွန့်ရေ၊ တိရစ္ဆာန်လေးတွေကို ဖမ်းဆော့ပေမဲ့ နာကျင်သွားအောင် ဘယ်တော့မှ မလုပ်ဘူးလေ"

ပြောနေလျက် ချိုလေးက ရယ်တယ်။

"ဆိုပေမဲ့ တုနှိုင်းမဲ့ဆရာကြီးကတော့ ပူတူးပေါ့ရှင်၊ မြူကတော့ တားမရမဲ့အတူတူ သူ့ညီလေး လုပ်သမျှ လက်ခုပ်လက်ဝါးတီးပြီး လိုက်အားပေးတာပေါ့၊ ပူတူးက အကောင်ပလောင်တွေကို သူသာ မကြောက်တာ၊ မြူ့ကိုကျ ဘယ်တော့မှ ကိုင်ခိုင်းတာ မဟုတ်ဘူး၊ တိုတို မကိုင်နဲ့ တူးတူး ကိုင်မယ်ဆိုတာချည်းပဲ"

ရယ်သံတွေ မြိုင်သွားကြပြန်တယ်။

"ကျွန်တော်ဖြင့် သိပ်ချစ်နေကြတဲ့ တိုတိုနဲ့ တူးတူးလေးကိုတောင် ပြေးတွေ့ချင်သွားပြီဗျာ"

ဒေးဗစ်က ခေါင်းတညိတ်ညိတ်နဲ့ စကားဆက်တယ်။

"တကယ်ကို ချစ်ခဲ့ကြတာ လက်ဖျားခါလောက်စရာပါ၊ ဒါတွေဟာ ဘယ်လိုခွဲခွဲ မကွဲနိုင်တဲ့ ရေစက်တွေ ဖြစ်လာမယ်မှန်း ကြိုသိခဲ့ရင် အဘ ပြောတဲ့အတိုင်း မြူ့ကို ခေါ်ပြီး ကျွန်တော်တို့တွေ ဇာတ်မြုပ်ခဲ့လောက်မယ် ထင်ပါတယ်"

"သူ" ခိုမှီနားခွင့် (ခေတ္တရပ်နား)Where stories live. Discover now