၃၁ - (UNICODE)

36.8K 3.6K 1.8K
                                    

UNICODE

သိပ်ကြာကြာ မမောင်းလိုက်ရ။ လမ်းဘေးတစ်နေရာက သစ်ရိပ်ပင်တန်းလေးအောက်မှာ ကားလေးငြိမ့်ခနဲ ထိုးရပ်သွားပြီး ကားတံခါးဖွင့်မဆင်းသူက ရှေ့ခန်းကနေ ဒီအတိုင်း လွှားခနဲကူးလာတယ်။ သူ့အမူအရာကို တောင့်ခဲစွာ ကြည့်နေမိတုန်းမှာ လုပ်နေကျအတိုင်း သူ့လက်တစ်ဖက်က ဆိုင့်နောက်စိကို အုပ်မိုးပေးထားပြီး ကျန်လက်တစ်ဖက်က ဆိုင့်ခါးတစ်ဝိုက်မှာ တင်းတင်းကျပ်ကျပ် ဖက်တွယ်လျက် တွန်းလှဲခံရခြင်းမှာ အပေါ်စီးက‌နေ ကြားလေမသွေးနိုင်အောင် အုပ်မိုးထိကပ်လာတယ်။

"စိုင်းဆိုင်လရောင်"

"....."

"ကျွန်တော့်ကို ချစ်လား"

သူ့အသံက အလျင်လိုသလို အက်ရှတုန်ခိုက်နေတယ်။

"ကိုယ်..."

မကြားဝံ့သလို ခေါင်းခါယမ်းလိုက်သူက ဆိုင့်နှုတ်ခမ်းလွှာတွေကို သူ့လက်ဖမိုးလေးနဲ့ ဖိပိတ်လျက် စင်တီမီတာအနည်းငယ် ပြန်ကြွသွားပြီး ဆိုင့်မျက်နှာကို အထက်စီးကနေ မမှိတ်မသုန် စူးစိုက်ငေးမောနေတယ်။ အလွန်အမင်း စိတ်လှုပ်ရှားနေတဲ့ ကောင်လေးအတွက် ဆိုင်တတ်နိုင်တာဆိုလို့ သူ့နောက်စိလေးကို ပွတ်သပ်နှစ်သိမ့်ပေးခြင်းသာ ဖြစ်ပြီး သူအလိုရှိတဲ့ အနေအထားမှာ အတွန့်တက်ဖို့ မကြိုးစားတော့ဘဲ သူ့ကိုသာ ငေးကြည့်နေလိုက်မိတယ်။

"ဟူး..."

ဆိုင့်ကိုငေးကြည့်လိုက်။ လေပူတွေမှုတ်ထုတ်လိုက်။ ကူကယ်ရာမဲ့နေသလို ဆိုင့်ရင်ခွင်ထဲ ခေါင်းထိုးစိုက်လိုက်။ ပြန်ကြွသွားလိုက်နဲ့ အခိုက်အတန့်လေးမှာ သူတစ်ယောက်တည်း ဗျာများနေတယ်။ သူ့ထွက်သက်တွေ ဆိုင့်ဆံနွယ်တွေကြား ပြေးလွှားနေပြီး ရင်ခွင်ခြင်းထိကပ်နေမှုမှာ ပြင်းထန်စွာခုန်ပေါက်နေတဲ့ သူ့နှလုံးခုန်သံကို အတိုင်းသား ခံစားနေရပါတယ်။ သူ ဇွတ်တရွတ် နမ်းရှိုက်လာမယ် ဆိုရင်တောင် ဒီအခြေအနေမှာ ဆိုင် တားမြစ်မှာမဟုတ်။ သို့ပေမဲ့ ကလေးလေးဟာ အသက်ကိုသာ မှန်မှန်ရှူနေပြီး ထိုသို့မလုပ်။

"စိုင်းဆိုင်လရောင်"

"အင်း"

"ခင်ဗျားကို တွေ့တိုင်း..."

"သူ" ခိုမှီနားခွင့် (ခေတ္တရပ်နား)Where stories live. Discover now