Normal Couple ( Unicode ) 2

84 8 0
                                    

" ကျန်တဲ့သူတွေရော မရောက်ကြသေးဘူးလား "

" ရောက်ပါပြီဟယ်... လူလိုက်စုနေရလို့ပါဟဲ့ "

မိန်းကလေး ၁၀ ယောက်လောက်အပြင်၊ ယောက်ျားလေးများလည်း ပါလာကြသည်။

" လူစုံပြီဆိုတော့ စလိုက်ကြမယ်လေ "

အကတိုက်ကြတော့မည်ဖြစ်၍ ကံ့ကော်မောင်တို့ မောင်နှမသုံးယောက်က ထိုင်ခုံပေါ်သွားထိုင်ကာ နေရာဖယ်ပေးလိုက်ကြသည်။ မန္တလေးသင်္ကြန်၏ လှပသည့် ယဉ်ကျေးမှုတစ်ခုဟုပင် ပြောရမည်။ သင်္ကြန်ရက်များအတွင်း သင်္ကြန်အကမယ်များက သက်ဆိုင်ရာမဏ္ဍပ်များတွင် ကပြဖျော်ဖြေကြသည်။ အခု သီရိနွယ်တို့ကလည်း သင်္ကြန်မှာ ကိုယ်ပိုင်မဏ္ဍပ်တွင် ကပြဖို့ စီစဉ်ထားကြလေသည်။

ပါလာသော ယောက်ျားလေးများက စန္ဒယားတီးသူ၊ သီချင်းဆိုသူ စသဖြင့် ကိုယ့်တာဝန်ကိုယ်ယူကြသည်။ မန်းသူအပျိုချောများကတော့ နေရာယူပြီး သီချင်းစလာသည်နှင့် သေသပ်သော ကကြိုးတို့ကို လှလှပပ ညီညီညာညာ ထုတ်ဖော်တော့သည်။

သွယ်လျသောခါး၊ အမြင်မရိုင်းသော ခန္ဓာကိုယ်အချိုးအစား၊ လည်တိုင်လေး ကျော့ကျော့၊ အပြစ်ဟူ၍ မြူမှုန်မျှတောင် မရှိလေသော မျက်နှာချောချောလေးနှင့် နက်မှောင်သော ဆံနွယ်တို့က ယိမ်းလိုက်တိုင်း ဝေ့ဝဲသွားသည်မှာ အသက်ရှူမှားလောက်သည်။ ယဉ်လိုက်ပါဘိ၊ လှလိုက်ပါဘိ။

🎶 မူယာကျော့ ကိုယ်ဟန်ချီ ×××××× ရွှေချည်ငွေချည် မြကျောက်ပုလဲ အသွင်တူညီ ×××××× ပြုံးချိုချို မခို့တရို့နဲ့ ယဉ်ရှာသည် ×××××× စံတူမမီ လှကိုလှသည် ×××××× ငွေဖလားလေးလည်း မနိုင့်တနိုင်ချီ ×××××× သင်းပျံ့ကြည် ရေစိုအောင်လောင်းမည် 🎶

စည်းချက်၊ ဝါးချက်တိုင်းမှာ ပြေပြစ်စွာ လက်ချိုး၊ လက်ကွေးကာ ကခုန်နေသည့် လှုပ်ရှားမှုလေးများကို မျက်တောင်ခတ်လိုက်ပါက လွတ်သွားမည်ကို စိုးသည့်အလား စိုက်ငေးကြည့်နေသည်။ ခွင်ထားသော ခြေထောက်လေး၏ မြောက်တက်လာမှုသည် ယဉ်စစ၊ နွဲ့ယိမ်းလိုက်သော ခါးသွယ်လေးက ပျော့ပျောင်းပြေပြစ်လေသည်။

စန္ဒယားတီးနေသော ယောက်ျားပျိုက နွယ်ဦးမေကိုသာ စိုက်ငေးကြည့်နေသော မျက်ဝန်းပိုင်ရှင် ကံ့ကော်မောင်အား ရိပ်မိလေသည်။ ရိပ်မိရုံသည်သာမက ထိုအခြင်းအရာကို နှစ်သက်ပုံမပေါ်ပေ။ ကံ့ကော်မောင်ကတော့ နွယ်ဦးမေဆီမှာသာ အာရုံအလုံးစုံကို စုစည်းပို့လွှတ်ထားသဖြင့် အခြားသူများ ဘာဖြသ်နေသည်ကို မသိပါပေ။

Fall In Love During THINGYAN ( Completed )Opowieści tętniące życiem. Odkryj je teraz