Normal Couple ( Unicode ) 3

65 4 0
                                    

အကြိုနေ့တွင်တော့ သီရိနွယ်တို့ ယိမ်းအုပ်စုက သူတို့ရဲ့ မဏ္ဍပ်ဖြစ်တဲ့ ' အတာနွေ ' မဏ္ဍပ်ရှေ့မှာ ကပြဖျော်ဖြေနေကြသည်။ အကြိုနေ့ မနက်ပိုင်းတွင် မဏ္ဍပ်အသီးသီးက ပျိုဖြူချော ယိမ်းသမမယ်တို့က နေရာယူလျှက် ကပြဖျော်ဖြေနေကြသည်။ ကံ့ကော်မောင်တို့ မောင်နှမသုံးယောက်က သီရိနွယ်တို့အုပ်စုနဲ့ အတာနွေသို့ လိုက်လာကြသည်။

အကြိုနေ့က ကံ့ကော်မောင်ရဲ့ မွေးနေ့ဖြစ်တာကြောင့် အကြိုနေ့စတုဒိသာကို သူကတာဝန်ယူလှူဒါန်းသည်။ မနက်ဖြန် အကျနေ့ကျရင်တော့ ငုဝါမောင်က စတုဒိသာအလှူကို တာဝန်ယူလိမ့်မည်။ အကြတ်နေ့ကျလျှင်တော့ နွယ်ဦးမေ၏အလှည့်ပင်။

ကျုံးဘေးရှိ သင်္ကြန်မဏ္ဍပ်များမှ သင်္ကြန်တေးတို့ရဲ့ တူးပို့တူးပို့သံသည်ကား ချိုငြိမ့်ငြိမ့် ပျံ့လွင့်နေသည်။ သင်္ကြန်အကမယ်လေးများကလည်း သူတို့မဏ္ဍပ်မှာ သူတို့သီချင်းနဲ့အတူ ကကြိုးကကွက်မှန်မှန် ညီညီညာညာ ကပြနေကြသည်မှာ ယဉ်ကျေးသိမ်မွေ့လှသည်။ သင်္ကြန်သီချင်းသံ အေးအေးငြိမ့်ငြိမ့်လေးများနဲ့ သင်္ကြန်နှစ်ကူးအကြိုနေ့ကို ရိုးရားမပျက် ဖွင့်လှစ်ကြိုဆိုခြင်းသည် ရုပ်လုံးပေါ်လျှက်ရှိသည်။

" ဝါး.... လှလိုက်တာ.... မန္တလာသူတွေက အချောသား "

မလာချင်ဘူးဟု တွင်တွင်ငြင်းခဲ့သူ ငုဝါမောင်က သူမဟုတ်သလို ပြုံးဖြီးနေသည်။ မိန်းမပျိုများကို လိုက်ငမ်း.. အဲ လိုက်ကြည့်နေကြသည်မှာ အစ်ကိုအတွက်ရော၊ မောင်အတွက်ပါ ပေါင်းကြည့်ပေးနေသလားမသိ။ ပိတောက်မောင်က သူ့အစ်မကိုကြည့်ပြီး သံဝေဂရသလို ခေါင်းခါမိသည်။ ကံ့ကော်မောင်ကတော့ အခြားငေးစရာမရှိ၊ သူ့အာရုံကို ပင်တိုင်မူပိုင်ယူထားသူ နွယ်၊ နွယ်ဦးမေကိုသာ ကြည့်မဝစတမ်း ပြုံး၍ကြည့်နေသည်။

ညနေပိုင်းတွင်တော့ မနက်ပိုင်းထက် ရေဆော့သူပိုများလာသည်။

" ကိုကြီး... လိုက်ဦးမလား... ကျုံးတစ်ပတ် မဏ္ဍပ်တွေရှေ့ ပတ်လိုက်ဦးမယ် "

" မလိုက်တော့ဘူး... ကိုယ့်ဘာသာပဲ သွားတော့ "

" ကိုကြီးကတော့ ချည်တိုင်မှာ မိနေပြီ "

Fall In Love During THINGYAN ( Completed )Where stories live. Discover now