GL Couple ( Zawgyi ) 1

27 1 0
                                    

ပုဂံမြေရဲ့ တန်ခူးနွေ
*****************

နန်းရိပ်နန်းငွေ့ မကင်းတဲ့ မန္တလာမြေက ရန်ကုန်နဲ့ မတူကွဲပြားသော အလှတရားကို ပိုင်ဆိုင်ထားသည်။ နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ခံထားရသော မန္တလေးသည် မြင်သမျှအရာတိုင်းက ခမ်းနားနေ၏။ နန်းတော်ကြီးနဲ့ ကျုံးရေပြင်ကြီးမှာ တစ်ချိန်က တစ်ထီးတစ်နန်း စံမြန်းခဲ့ကြကြောင်း သက်သေထူလျှက် ရှိကြသည်။

မန်းတောင်ရိပ်ခိုဆိုသည့်အတိုင်း မန္တလေးတောင်ကြီးကိုလည်း ပစ်ထားမရသေးပေ။ မြင်လိုက်တာနဲ့ အေးချမ်းမှုအပြင် အလွမ်းငွေ့ငွေ့လေးကိုလည်း ခံစားရစေလိမ့်ဦးမည်။ လမ်းတစ်လျှောက် သပြေဘူတဝါဝါတို့ကလည်း မန္တလေးနွကေို ဆေးခြယ်၍ ထပ်မံမွန်းမံထားသကဲ့သို့ ထောက်ပံ့ထားကြသည်။ လေတစ်ဝှေ့တွင် လတ်ဆတ်သော လေပြေကြောင့် စိတ်ဘဝင်အတွင်း ကြည်လင်သွားပေသည်။

သို့သော် မလိုက်ချင် လိုက်ချင်နဲ့ လိုက်လာရသော ငုဝါမောင်တစ်ယောက် မန္တလာမြေ၏ အလှအပတို့ကို သေချာမခံစားနိုင်။

သီရိနွယ်ရဲ့အိမ်သို့ ရောက်သည်အထိ သူ စူပုတ်နေတုန်းပင်။ သူငယ်ချင်းများ၏ အပြစ်တင်မှုကို ပိုးစိုးပက်စက်ခံလိုက်ရသည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် အတင်းခေါ်လာသည့် အမေဖြစ်သူ ဒေါ်မေသင်္ကြန်ကို အပြစ်တင်နေသည်။ အသံထွက်အောင်တော့ မပြောရဲ။

ကားပေါ်ကဆင်းပြီး မြင်လိုက်ရသည်မှာ သီရိနွယ်ကလည်း သူ့အစ်ကိုကဲ့သို့ မှုန်ကုပ်နေ၏။ ထို့နောက် သူ့ကို လက်ယပ်ခေါ်သည်မို့ လိုက်သွားလိုက်သည်။ လူကြီးတွေနဲ့ ဝေးရာကိုရောက်တော့

" ဘာကိစ္စရှိလို့လဲ "

ခိုးကြောင်ခိုးဝှက်၊ ဟိုကြည့်သည်ကြည့် လုပ်နေတဲ့ သီရိနွယ်ကို မေးလိုက်သည်။ သီရိနွယ်က နားနားကပ်ကာ တိုးတိုးတိတ်တိတ် ပြောပြတော့ ငုဝါမောင်ရဲ့ မျက်နှာပေါ်မှာ အမူအယာတွေက တစ်မျိုးပြီးတစ်မျိုး ဖြတ်ဖြတ်ပြေသွားသည်။

" တကယ်ကြီး! "

ဝမ်းသာအားရနဲ့ အော်လိုက်တော့ သီရိနွယ်က ပါးစပ်ကိုလှမ်းပိတ်သည်။ လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ပြီး အသံမထွက်ဖို့လည်း သတိပေးနေသေးသည်။

Fall In Love During THINGYAN ( Completed )Where stories live. Discover now