BL Couple ( Unicode ) 5

30 4 2
                                    

အကြိုနေ့နံနက် ပိတောက်မောင်တို့ နိုးလာကြတော့

" နိုးကြပြီးလား... ဒါနဲ့ မောင်ပိတောက်မောင် ကူဆွဲ့ရော ဘယ်မှာလဲ "

စိုင်းယံ၏ အဘွားဖြစ်သူ မေးသည်ကို ပိတောက်မောင် မျက်လုံးဝိုင်းဝိုင်းလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လေးဖြင့် တုံ့ပြန်မိသည်။ သူနိုးလာတော့ အဲ့ဒီလူမှ မရှိပါပဲ။

" သားနိုးတော့ သူမရှိဘူး "

" ဒီကောင်လေး အစောကြီးကို ဘယ်သွားတာလဲ "

အဘွားက သူမေးချင်တာမေးပြီး ထွက်သွားသည်။

" မနက်ဖြန်ကျရင် အင်းလေးရေပေါ်သင်္ကြန်ကို သွားမှာ... စောစောထကြ ကြားလား "

" Yes! "

" လာ မနက်စာ သွားစားကြမယ်... ငါတို့ရှမ်းစာတွေက အရမ်းကောင်းတာ... နောက်ပြီး ဒီနေ့က အကြိုနေ့ဆိုတော့ ငါတို့ ရှမ်းသင်္ကြန်မှာဆိုရင် နှစ်သစ်ကူးပန်းခူးထွက်ရတယ်... ပန်းကို ဘုရားလှူချင်လှူ၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ မိန်းကလေးကို ပေးချင်ပေးပေါ့.. "

" ဘယ်သူ့ကို ပန်းခူးခိုင်းနေတာလဲ "

စိုင်းကူဆွဲ့ ရောက်လာသည်။ လက်ထဲတွင်လည်း ပန်းတွေပိုက်လာသည်။ ဘာပန်းတွေလဲတော့ ပိတောက်မောင်မသိ။

" ကိုစိုင်း... ပန်းခူးထွက်တာလား "

စိုင်းယံက မတွေ့ဖူး မကြုံဖူးသလို အံ့ဩတကြီးနဲ့ မေးသည်။ သူ့ကြည့်ရတာ အတော်ပင် အံ့ဩဘနန်းဖြစ်နေပုံရသည်။

" ဟုတ်တယ်လေ... ဟိုမှာလူတွေတောင် များနေပြီ.. မင်းတို့က နောက်တောင်ကျနေပြီ... သွားခူးမနေနဲ့တော့ "

" မောက်ကူဆွဲ့ပန်းတွေ ခူးလာတာလား... အခုလေ! အကြိုနေ့ ပန်းထွက်ခူးတယ်ပေါ့ "

စိုင်းယံ၏ ထူးခြားဆန်းပြား မယုံကြည်နိုင်ဖြစ်နေပုံကို ပိတောက်မောင်တို့သုံးယောက် နားမလည်စွာကြည့်နေသည်။ ဘာတွေများ သည်လောက်အံ့ဩစရာကောင်းလို့လဲ။

" အရင်နှစ်တွေက ပန်းခူးမထွက်ဘူး မဟုတ်လား "

" ဒီနှစ် ခူးချင်လို့ပေါ့ကွာ "

Fall In Love During THINGYAN ( Completed )Where stories live. Discover now