BL Couple ( Zawgyi ) 2

5 1 0
                                    

အကျနေ့တွင် ပိတောက်မောင်တစ်ယောက် ငုဝါမောင်၏ မွေးနေ့အလှူကို ကူညီပေးရပြန်သည်။ အိမ်တစ်အိမ်၊ မိသားစုတစ်စုတွင် အလုပ်မရှိဆုံးကို ပြပါဆိုလျှင် အငယ်ဆုံးများကို လက်ညှိုးထိုးပြကြသည်။ သို့သော်လည်း တကယ်တမ်း ခိုင်းလိုက်တိုင်း တောက်တိုမယ်ရ လိုက်လုပ်ပေးရသည်မှာလည်း အငယ်ဆုံးများပင် ဖြစ်ကြသည်။

ကူညီနေရင်း ခဏနားသည့်အချိန်တွင် ပြဿနာက မဖိတ်ခေါ်ဘဲ ရောက်လာသည်။

" ဟေ့! "

ပိတောက်မောင် လှည့်ကြည့်လိုက်တော့ ရုတ်တရက်ဆိုပဲ မျက်နှာကို ဗျန်းခနဲ အပက်ခံလိုက်ရသည့် ရေတွေနဲ့ နှာခေါင်းထဲဝင်လာတဲ့ ရေအလုံးလိုက်ကြောင့် အနာက်သို့ ခြေတစ်လှမ်းလောက် နောက်ဆုတ်သွားသည်။ ထို့နောက် တဟားဟားနဲ့ ရယ်သံများကိုလည်း ကြားလိုက်ရသည်။ ရေလည်းအပက်ခံရသေး၊ လှောင်လည်းအလှောင်ခံရသဖြင့် ပိတောက်မောင် ဒေါသထွက်လာတော့သည်။ မထွက်ခံနိုင်ရိုးလား၊ ရေလည်းမွန်းသွားသေးသည်။

" ခင်ဗျားတို့! "

" ဟ... အသံက ယောက်ျားလေးအသံကွ... ဟား ဟား ဟား "

ရေပက်လိုက်သည့်တစ်ယောက်ဖြစ်မည်။ လက်ထဲမှာ ရေပုံးကိုင်ထားသူက ပြောသည်။

လှောင်ပြောင်ရယ်မောနေသည်က သူ သည်းမခံနိုင်တဲ့ကိစ္စကို လာထိပါးနေလေပြီ။

" မင်းက နုနုဖက်ဖက်လေးဆိုတော့ မိန်းကလေး ယောက်ျားလျာလို့ ထင်သွားတာ.. Sorry ချာတိတ်... Sorry... ဟား ဟား ဟား "

" ခင်ဗျားတို့ ကန်းနေလို့လား! "

ပိတောက်မောင်က ဒေါသနဲ့မို့ ခင်ဗျားတို့ဟု သုံးလိုက်သော်လည်း ထိုယောက်ျားလေးအုပ်စုသည် ၂၀ ကျော် လူငယ်များသာဖြစ်ကြသည်။

ထိုစဉ် ငုဝါမောင် ရောက်လာ၏။

" ဟေ့ ဘာဖြစ်တာလဲ "

" ဟော ဒါကတော့ ကျားကျားယားယားနဲ့... ဟား ဟား ဟား "

ငုဝါမောင်ကို ခေါင်းစခြေဆုံးကြည့်၍ ထိုအုပ်စုထဲက ယောက်ျားလေးတစ်ယောက်က ပြောသည်။

" ဟေ့ ချာတိတ်... မင်း သူ့လိုနေစမ်းပါ "

သန့်သန့်ပြန့်ပြန့်ပုံစံရှိသော်လည်း ရုပ်လေးနဲ့မှမလိုက် အခြားသူကို လှောင်ပြောင်နေသည့် ထိုလူအား ပိတောက်မောင် ကြည့်မရ။

Fall In Love During THINGYAN ( Completed )Where stories live. Discover now