BL Couple ( Zawgyi ) 6

20 1 0
                                    

" ကားခဏရပ်... ကားခဏရပ် "

မြို့တွင်းသို့ ရေပက်ခံထွက်လာသည့်ကားက တစ်ဘီးရွေ့လိုက် ခဏရပ်လိုက် ဖြစ်နေရသည်။ တွေ့သမျှ ရေပက်မဏ္ဍပ်က၊ အထူးသဖြင့် မိန်းကလေးတွေက ကားကိုတွေ့တာနဲ့ ရေးပက်ဖို့ ရပ်ခိုင်းကြသည်။ ရပ်ပေးလိုက်ရင်လည်း ရေအများဆုံးအလောင်းခံရသူက သူ့ချာတိတ်ပင်။ အခုလည်း ရပ်ရပြန်ပြီ။ သူ့ချာတိတ်ဆီပဲ ဦးတည်လာကြပြန်ပြီ။

" ခဏနေကြဦး.... နင်တို့ ရေပက်မှာ မဟုတ်ဘူးလား... အနားလာပြီး ဘာလုပ်တာလဲ... ဟိုနားကပက်ရင် အကုန်လုံးရေစိုတယ် "

" ငါတို့က ချောတဲ့သူပဲ ရွေးပက်တာ "

" ကားပေါ်မှာ ပါသမျှလူ အကုန်အချောတွေချည်းပဲ.. "

ရေပက်ခံထွက်တဲ့ ကားပေါ်မှာ သူတို့ ၅ ယောက်သာပါသည်မို့ သေချာပေါက် လူချောတွေချည်းပဲပေါ့။

" မောင့်ကိုပဲ ပက်မယ်ဆိုရင်တော့ ရောက်တဲ့နေရာမှာ ရပ်လိုက်တော့ "

ပါးစပ်က မောင်ဟုခေါ်လိုက်ရုံမက ပုခုံးကိုဖက်၍ ရင်ခွက်ထဲပါ ဆွဲထည့်လိုက်သဖြင့် ရေပက်ရန်လာကြသော မိန်းကလေးများက မက်ဒူဆာကို မြင်လိုက်ရသည့်အလား ရောက်နေသည့်နေရာတွင် ကျောက်ရုပ်များလို ရပ်သွားကြသည်။ မျက်လုံးများက ပြူးဝိုင်းလျှက် အောက်သို့ကျနေပြီ။

သူတို့တင်လားဆိုတော့ မဟုတ်သေး။ ပိတောက်မောင်ကပါ သူ့ကိုရင်ခွင်ထဲ ဆွဲထည့်ထားသူကို ကြည့်လိုက်သည်။ ဘာကို မောင်လဲ။ ဘေးကသုံးယောက်ကလည်း ပါးစပ်များပွင့်ဟလျှက်ရှိသည်။ နားကြားများမှားလေသလား။ မောင်လို့ခေါ်လိုကခတာလား။ ဘယ်တုန်းက ဘယ်လိုဖြစ်ပြီး ဘာတွေလွတ်သွားတာလဲ။

" ကားဆရာ မောင်းလို့ရပြီ "

ကားထွက်သွားသည်အထိ ရေပက်မည့်မိန်းကလေးများ အံ့ဩ၍ မပြီးနိုင်ကြသေး။

" ဟဲ့... မောင်တဲ့.. ချစ်စရာလေးတွေဟယ် "

" အသည်းတွေယားလိုက်တာ "
.
.
.

" 🎶 မောင် မောင် မောင်... ပိုင်ရှင်မှန်းသိအောင်လို့... မောင် မောင် မောင် ခေါ်နေမှာပဲ နားငြီးအောင်.... မောင် မောင် မောင်... တမင်တကာ လူတွေကြားအောင်လို့..... မောင် မောင် မောင် ခေါ်နေတာကို နားလည်စမ်းပါဟေ့ 🎶 "

Fall In Love During THINGYAN ( Completed )Where stories live. Discover now