🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 38
ပိုးသတ်ဆေးအမျိုးအစားများ (၁)စွေ့ချီချောင်းက တစ်ကိုက်စာအရွယ် လှီးဖြတ်ထားသော သိုးသားကို ဂေါ်ဖီရွက်နှင့်လိပ်လျက် သူ့ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
ဟင်းခတ်အမွှေးအကြိုင်များ ထိုမျှလုံလောက်အောင်ထည့်ထားသော်လည်း သိုးသား၏ ညှီသောရနံ့က အရှင်းမပျောက်သွားခဲ့ချေ။ ထို့အပြင် လေးလေးပင်ပင်လည်း မရှိချေ။ သို့သော်လည်း အသားအရသာက စား၍အဆင်ပြေရုံလောက် ရှိပါသေးသည်။
ဂေါ်ဖီရွက်မှာလည်း ရေနွေးထဲတွင် ပြုတ်ထားသည့်တိုင် ၄င်း၏ခါးသက်သက်အရသာက အရှင်းပျောက်မသွားသေးချေ။
ပါ၀င်ပစ္စည်းများမှာလည်း အကြမ်းထည်ဆန်လှကာ ကျေနပ်စရာမကောင်းလှသော်လည်း ဤသည်မှာ ဤခေတ်အနေအထားနှင့်ရနိုင်သော အကောင်းဆုံး အရသာဖြစ်လေသည်။
စွေ့ချီချောင်းမှာ ဟင်းခတ်မှုန့်ပမာဏ၊ မီးအပူချိန် နှင့်အတူ အသား၏ အကျက်နှုန်းများအထိဂရုတစိုက် ထိန်းချုပ်စေခဲ့သည်ဖြစ်ရာ သိုးသားမှာ လှီးဖြတ်လိုက်သည်နှင့် လွန်စွာနူးညံ့နေခဲ့လေသည်။
ပထမဦးစွာ မြည်းစမ်းခဲ့ရသော ဟင်းပွဲကြောင့်လား မဆိုနိုင်သော်လည်း စွေ့ချီချောင်း၏ ဟင်းလျာအပေါ် စံနှုန်းမှာလည်း လျော့ကျသွားလျက် ယခင်ကကဲ့သို့ အသေးစိတ်ကအစ ကြေးများမနေတော့ချေ။ သူ ၇၀ရာခိုင်နှုန်းခန့်အထိ ပြည့်တင်းအောင် စားသောက်ပြီးသွားသည့်တိုင် အသားအချို့ ကျန်နေသေးသည်ကို တွေ့လိုက်ရလေသည်။
"ဘုန်းတော်ကြီး အတွက်လည်း အသားနည်းနည်းထပ်ကင်လိုက်…"
ထို့နောက်တွင် သူက ပန်းကန်ပေါ်မှ အသားတစ်ပိုင်းကို လှီးဖြတ်လိုက်လျက်ပြောသည်။
" ဒါကိုစားပြီးအရသာခံကြည့်… ဒီအရသာ ဒီအချိုးအစားအတိုင်းပဲ ဖြစ်ပါစေ…"စားဖိုမှူးမှာ ကောင်းကင်ပေါ်မှ ပိုင်မုန့်ကြီး ပြုတ်ကျလာသကဲ့သို့ ထခုန်မိမတက်ဖြစ်ပြီး ထိုအသားတုံးကိုလှမ်းယူလိုက်လေသည်။ သို့သော် သူမက အရသာကိုမြည်းသည်ဆိုရုံလေး တို့ကြည့်ပြီးသည့်နောက် စွေ့ချိီချောင်း၏ ပြင်းထန်သော သံသယမျက်လုံးများအောက်တွင် ခက်ခက်ခဲခဲဆိုလာခဲ့သည်။
"အရှင် ကျွန်...ကျွန်မသားလေးကို နည်းနည်းလောက်ကျွေးချင်လို့ ရမလားဟင်…"