🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]
Ch 83
လူတိုင်းကို ပျော်ရွှင်ဝမ်းမြောက်စေသည့် ပုံရိပ်ယောင်နယ်မြေဆက်တင် (၂)စွေ့ချီချောင်းက ၂၃ရာစု၏ သိပ္ပံနှင့် နည်းပညာအချို့ကို မျက်လုံးထဲမထားပေ။ ထိုသို့ပြုလုပ်ခြင်းက သူ့အတွက် မကောင်းချေ။ သူက အာကာသစခန်းတစ်ပတ် လှည့်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အကြမ်းဖျင်း အကြံတစ်ခု ရလာ၏။ သူက ငယ်ရွယ်စဉ်ကပင် အင်ဂျင်နီယာလုပ်ငန်းနှင့် ဒြပ်သိပ္ပံတွင် အတန်ပင် ထူးချွန်ခဲ့သည်။
စွေ့ချီချောင်းက နေကာအမိုးအစွန်းရှိ သတ္ထုကို ထိလိုက်သည်။ ၄င်းက riemannian သတ္ထုစပ်ဖြစ်ကာ ၄င်း၏ အမြင့်ဆုံး လုပ်ဆောင်နိုင်စွမ်းရှိသည့် အပူချိန်မှာ ၃၀၀၀ဒီဂရီ ဆဲလ်စီးယပ်ဖြစ်ပြီး စွေ့ချီချောင်း နေထိုင်ခဲ့သည့် ခေတ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိ၏။
စွေ့ချီချောင်းက ကိရိယာထည့်သေတ္တာကိုတွေ့ရာ ၄င်းကို ဖွင့်လိုက်ပြီးနောက် သူက အစားအသောက်များ ပြန်နွေးရန် ချက်ပြုတ်သေတ္တာနှင့် အပူချိန် ကန့်သတ်ပစ္စည်းကို ဖယ်ရှားကာ အပူချောင်းတစ်ခုတည်းသာ ချန်ထားခဲ့လိုက်သည်။ ၄င်းဖြင့် သူက ပြတင်းပေါက်ဘောင်ကို အရည်ဖျော်ကာ နေကာအမိုးကို ဖြုတ်ချနိုင်ပေသည်။ ထို့နောက် သူက အပိုအစိတ်အပိုင်းများအတွက် ကြမ်းခင်းတစ်ခုလုံးကို ချက်ပြုတ်သေတ္တာထဲသို့ ထည့်လိုက်သည်။ ထိုနေရာတွင် အပူချောင်းတစ်ခုတည်းသာကျန်ကာ နောက်ပိုင်းတွင် သုံး၍ ရဆဲဖြစ်သည်။
နေကာအမိုးကို ဖယ်ရှားပြီးသည်နှင့် သတိပေးသံတစ်ခု ထွက်ပေါ်လာကာ အိမ်ထဲရှိ အပူချိန်ပြောင်းလဲမှုအကြောင်း သူ့ကို သတိပေးလာသည်။ သို့သော် စွေ့ချီချောင်းက အလျင်မလိုချေ။ ဤသီးခြားဂြိုလ်ပေါ်ရှိ လေထုဖွဲ့စည်းပုံမှာ ကမ္ဘာမြေနှင့် နီးစပ်၏။ အများဆုံးအနေဖြင့် မရင်းနှီးသည့် ပတ်ဝန်ကျင်တစ်ခုထဲသို့ ရောက်သွားခြင်းကြောင့် ဇီဝကမ္မတုံ့ပြန်ချက်အချို့သာ ရှိပေလိမ့်မည်။ ထို့အပြင် အခြေအနေများက ပို၍ ပြင်းထန်လာလျှင်ပင် သူက ဤဂြိုလ်နှင့် ဖြည်းဖြည်းချင်း အသားကျသွားသည်နှင့် ပြဿနာဖြစ်မည် မဟုတ်ပေ။ လက်ရှိဂြိုလ်ပေါ်တွင် "ဆောင်းရာသီ"ဖြစ်၍ ညတာရှည်ပြီး နှိုင်းယှဉ်ရပါက အပူချိန်မှာ နိမ့်ပါး၏။