🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 63
နယ်စားအရှင်၏ နည်းလမ်းများ (၂)သို့နှင့် နော်သန်ဘာလန်တစ်ခွင်တွင် စွေ့ချီချောင်း၏ ဖြစ်တည်မှုမှာ ကံကောင်းစေသော ရွှေငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ သူက တစ်စုံတစ်ဦးကို စကားလှမ်းပြောသည်ဖြစ်စေ တစ်နေရာရာတွင် ရပ်လိုက်သည့်ဖြစ်စေ ၄င်းတို့မှာ ကံကောင်းမှုတို့ဖြင့် ထုံမွှမ်းခံလိုက်ရသည့်နှယ်။
ထိုအယူသီးလှသော ယုံကြည်မှုအချို့က တိတ်တဆိတ် ပျံ့နှံ့နေခဲ့သော်လည်း ကာယကံရှင်ကိုယ်တိုင်က ၄င်းကိုသတိမထားမိခဲ့ချေ။
သူသည်ကား ကောက်ပင်အသစ်များ စိုက်ပျိုးခြင်းတွင် စိတ်မချနိုင်သဖြင့် သူကိုယ်တိုင်၀င်စိုက်သော အရေအတွက်လည်း တိုးလာခဲ့သည်။ ပထမဆုံးအကြိမ်စိုက်ပျိုးခြင်းလည်းဖြစ်ရာ မည်သူကမျှ စပျစ်၊ ဂွမ်း၊ သကြားမုန်လာနှင့် သုံးမြှောင့်သီးစိုက်နည်းများကို ရင်းနှီးမနေခဲ့ချေ။
စွေ့ချီချောင်း အပြင်သို့ထွက်လိုက်သည်နှင့် အလွန့်အလွန်တောက်လောင်နေသည့် မျက်၀န်းများနှင့် အကြည့်ခံရလေ့ရှိသော်လည်း သူကမူ ၄င်းက သူ့အပေါ် သာမာန် အထင်ကြီးလေးစားသော အကြည့်များဟုသာထင်ခဲ့သည်။
သူက စပျစ်ခြံကို ရှောင်ပိုင်နှင့် အတူသွားကြည့်ခဲ့သည်။ ၄င်းက တောစပ်၏အနီးတွင် တည်ရှိကာ သူက ထိုစပျစ်ကိုင်းများ ရှင်သန်သလား အတည်ပြုလိုခဲ့ခြင်းဖြစ်သော်လည်း ရုတ်တရက် အာမေဋိတ်သံတစ်ခုကို ကြားလိုက်ရလေသည်။
သို့နှင့် သူလှည့်ကြည့်လိုက်လျှင် ၄င်းမှာ ကလေးငယ်တစ်ဦး၏နောက်ကို တော၀က်များ ပြေးလိုက်နေခြင်းဖြစ်ကြောင်း သိလိုက်ရလေသည်။ ထို၀က်များက စပျစ်ခြံရှိရာဆီသို့ အရူးအမူး ပြေး၀င်လာနေခဲ့သည်။
စိုက်ပျိုးရေးတာ၀န်ခံ၏ အမူအရာမှာ ပြောင်းလဲသွားလျက် သူက အော်ငေါက်လိုက်သည်။
"မင်း ဘယ်ပြေးနေတာလဲ… ဒီဘက်ကိုခေါ်မလာနဲ့…"စပျစ်ခြံကို ကာရံထားသည့် စည်းရိုးရှိသော်လည်း
၀က်အများအပြား အတူတကွ တွန်းတိုက်ပါက ပျက်စီးသွားနိင်ပေသည်။ အဆိုးဆုံးအခြေအနေ၌ စပျစ်စေ့များ အားလုံး ပျက်ဆီးသွားရချေတော့မည်။