Arc 3 Ch 82

299 46 3
                                    

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]

Ch 82
လူတိုင်းကို ပျော်ရွှင်ဝမ်းမြောက်စေသည့် ပုံရိပ်ယောင်နယ်မြေဆက်တင် (၁)

လင်းလင်းက စွေ့ချီချောင်းကို ကုမ္ပဏီအတွင်းမှ အခြားသော သရုပ်ဆောင်ငယ်လေးများကဲ့သို့ မဆက်ဆံဝံ့ပေ။ သူမ အစပိုင်းတွင် စွေ့ချီချောင်း၏ လိမ်လည်မှုကို ခံခဲ့ရသည်။ သူမကညအစီအစဥ်(ပရိုဂရမ်)အတွင်းမှ စွေ့ချီချောင်း၏ အပြုအမူများကြောင့် ပြည်သူ့ကလေးလေးအဖြစ် အသိအမှတ်ပြုခံထားရသည်ကို သိရှိသော်လည်း ဧကရာဇ်သုံးပါးနှင့် ဘုရင်ငါးပါး၏ သွေးဆက်ခံသူက မည်သို့မှ အဖြူထည်လေး ဖြစ်နိုင်မည်မဟုတ်ကြောင်း သိနေသည်။

ထို့ကြောင့် စွေ့ချီချောင်း၏ တွေဝေနေသော အကြည့်များအောက်တွင် လင်းလင်းက သူ့မျက်လုံးများကို ရှောင်ရှားရင်း ရှင်းပြလိုက်သည်။
"ဒီတစ်ခေါက်ဆက်တင်က လူသားတွေကို အယ်လ်ဖာ၊ ဘီတာနဲ့ အိုမီဂါဆိုပြီး လိင်အမျိုးအစားသုံးမျိုးအဖြစ် ခွဲခြားနိုင်ပါတယ်… အခြေခံအားဖြင့် အဲဒီ အမျိုးအစားတစ်ခုချင်းစီကို အမျိုးသားနဲ့ အမျိုးသမီးအဖြစ် ထပ်ပြီး ပိုင်းခြားထားတယ်… လူမှုရေးအဆင့်အတန်းအရ အမြင့်ဆုံးက အယ်လ်ဖာတွေဖြစ်ပြီး ဘီတာတွေက သာမန်အနေအထားနဲ့ အိုမီဂါတွေကတော့ အနိမ့်ဆုံးပါ… ဘီတာတွေက လူဦးရေအများဆုံး ဖြစ်ပြီးတော့ ကျန်တဲ့ အမျိုးအစားနှစ်ခုကတော့ နည်းပါတယ်…"

လင်းလင်း အားလုံးရှင်းပြပေးပြီးသွားသည့်အခါ စွေ့ချီချောင်းက အနည်းငယ် သဘောပေါက်လာသည်။ အကျဥ်းချုပ်ဆိုရသော် အယ်လ်ဖာအမျိုးသားများက ထိုတိရိစ္ဆာန်ကဲ့သို့သော လူမျိုးများ၏ ခေါင်းဆောင်သဖွယ် ဖြစ်သည်။ "ကျွန်တော် သိပြီ… အခုဆက်တင်က အဲဒီလိင်အမျိုးအစားတွေရှိတဲ့ တစ်ခေတ်ခေတ်မှာ အခြေတည်ထားပြီး အဲဒီလူမှုရေးအသိုင်းအဝိုင်းအလွှာကို အဓိကထား တင်ဆက်ချင်တာမလား… အဲဒီလို ခွဲခြားထားတာ အရမ်းကို ရှင်းရှင်းလင်းလင်းရှိနေတာဆိုတော့ သူတို့ရဲ့ ပင်ကိုသဘာဝတွေကလည်း ကွာခြားလိမ့်မယ် ဟုတ်တယ်မလား… ဘာလို့လဲ အိုမီဂါတွေမှာ အသီးအရွက်တွေ စိုက်ပျိုးနိုင်တဲ့ စွမ်းရည် မရှိဘူးလား…"

လယ်စိုက်ကြမယ်Where stories live. Discover now