🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 59
ရယ်ဒီမိတ် အစေခံများ (၂)ထိုအစေခံများကို အဝေးသို့ ပို့ပြီးသည်နှင့် စွေ့ချီချောင်းလည်း လက်ကျန်ပန်ကိတ်များနှင့်အတူ သူ၏အခန်းဆီ ပြန်လာခဲ့တော့သည်။
စွေ့ချီချောင်း၏ သြဇာနှင့် အရှိန်အ၀ါမှာ တဖြည်းဖြည်း ကြီးထွားလာသည်နှင့်အမျှ သူဘာလုပ်လုပ် လူအများမှာ စောဒက မတက်ရဲကြတော့ချေ။ ယခုလည်း ညစာမတိုင်မီ သူစိတ်ရှိသလို ချက်ပြုတ်စားနိုင်နေသည်ပင်။
အစားကြူူခြင်းက အပြစ်တစ်ခုသဖွယ် သတ်မှတ်ခံရသော ခေတ်တစ်ခုတွင်မူ သူ၏အပြုအမူက ရှုံ့ချခံရနိုင်လေသည်။
စွေ့ချီချောင်း ပန်ကိတ်များကိုဖဲ့လျက် ကြောင်များကို ချကျွေးလိုက်သည်။ ဤခေတ်၏ အကန့်အသတ်များအရ သူ့က ကြောင်များအတွက် အစာသီးသန့်ချက်ကျွေးခွင့်မရှိချေ။
ဤခေတ်တွင်ကား လူများပင်လျှင် ရှင်သန်ရန်အတွက် ကြုံရာကို စားသောက်နေထိုင်ကြရပေသည်။
သာ့ပိုင်မှာပန်ကိတ်များကို ကြည့်လျက် စိတ်လှုပ်ရှားစွာဖြင့် စွေ့ချီချောင်း၏ခြေထောက်အပေါ် ခြေချောင်းလေးကို ခပ်ဖွဖွလာတင်ခဲ့သည်။
စွေ့ချီချောင်းက မဆူနိုင်မိီမှာပင် ရှောင်ပိုင်က သူ့အား ခေါင်းကိုလက်ဖြင့် ရိုက်လိုက်ရာ သာ့ပိုင်လေးက သုံးမီတာခန့်ပင် လွင့်သွားရရှာသည်။
ရှောင်ပိုင်မှာ စွေ့ချီချောင်း၏ တုန့်ပြန်မှုကိုအကဲခတ်လိုက်သည်။
သူ အားအများကြီး သုံးမိသွားလား…စွေ့ချီချောင်းမှ သူ့အား တစ်ခုခုထုတ်ယူလာပြီးနောက်ထပ်ခြောက်လှန့်မည်ကို စိုးရိမ်နေမိလေသည်။
စွေ့ချီချောင်းမှာ ကြောင်များအားပန်ကိတ်များကိုအနည်းငယ်စီ ဖဲ့ကျွေးခဲ့သည်။ လိီလီက ပန်းကန်ကိုလာသိမ်းချိန်တွင် ပန်းကန်ထဲ၌ ကြောင်များကိုမကျွေးရသေးသည့် တစ်ချို့တစ်၀က်ကျန်သေးရာ ၄င်းကို သူမအား စားစေလိုက်သည်။
လိီလီမှာ တဖြည်းဖြည်း အရွယ်ရောက်လာချေပြီ။
စံအိမ်အတွင်း နေထိုင်စဥ်ကာလအတွင်း သူမ၏အရပ်မှာ ရှည်လာရုံမက သူမ၏ပါးများမှာ ပြည့်ဖောင်းကာ ပို၍ကျန်းမာလာပုံပေါ်သည်။ အကြောင်းမှာလည်း ယခင်ထက်ပို၍ ၀၀လင်လင်စားသောက်နိုင်၍ပင်။