🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 65
ဝက်များနှင့် မဖြိုခွဲနိုင်သောပြဿနာ (၂)နော်သန်ဘာလန်နယ်တစ်ခုလုံးမှာ နွေဦးတွင် ထွန်ယက်ခြင်းဖြင့် အလုပ်များနေခဲ့ကြသည်။ ယခင်ကဲ့ သို့နယ်စား၏ လယ်များကို အထူးဂရုစိုက်ပေးရန် မလိုတော့သော်လည်း ပေါင်းရှင်းရန်နှင့် မြေသြဇာထည့်ရန်အပြင် စပျစ်ခြံများ၊ သကြားမုန်လာခင်းများအပြင် အခြားဂရုစိုက်ရန် လိုအပ်သောအရာများလည်းရှိ၍ပင်။
ထိုအချိန်၌ပင် မြင်းထိန်းသမားမှာ မြင်းကိုအသော့နှင်လျက် အပြေးအလွှားသတင်းလာပို့ခဲ့သည်။
"မကောင်းတော့ဘူး… ကျွန်တော်ထူးထူးဆန်းဆန်းပုံစံနဲ့ စစ်သည်တွေကို တွေ့လိုက်တယ်… အကုန်လုံးက ဒိုင်းကာတွေ၊ လက်နက်တွေနဲ့…"ယခင်တစ်ခေါက်က ရေမွန်တို့အုပ်စုကို အထင်လွဲမိသည်နှင့် ကွဲပြားစွာ ဤတစ်ခေါက်တွင်မူ သူက မရင်းနှီးသော စစ်သည်အုပ်စုအား အသေအချာ သတိထားမိလိုက်ခြင်းပင်။ သူတိုက နော်သန်ဘာလန်ကို တိုက်ခိုက်ရန်စိတ်ကူးမရှိပါက ထိုသို့ ချည်းကပ်လာမည်မဟုတ်ပေ။
စစ်သည်များမှာ လျင်မြန်စွာ သတင်းပို့လိုက်ပြီး
လေ့ကျင့်ထားသော လယ်လုပ်သားများကလည်း ကောက်ရိုးဒိုင်းကာများ ကိုယ်စီဖြင့် ကိုယ်စီနေရာယူလိုက်ကြသည်။စွေ့ချီချောင်းမှာ ထိုလယ်လုပ်သားများ စိတ်လှုပ်ရှားနေကြသည်အား ကြည့်နေမိသည်။ ထိုသူတို့မှာ ယခင်က သူတို့လေ့ကျင့်ထားသည်ကို အမြဲကြွား၀ါလေ့ရှိပြီး အိမ်သာသွားလျှင်ပင် တန်းစီးပြီးသွားတတ်ကြသည် အထိပင်။ ထို့အပြင် ကောက်ရိုးဒိုင်းကာများမှာလည်း ပေါလှသည်ဖြစ်ရာ ထိုလယ်လုပ်သားများအား အိမ်သို့တစ်ယောက်တစ်ခုစီ ကိုယ်ပိုင်ထည့်ပေးထားလိုက်သည်။
လယ်လုပ်သားများအတွက်မူ ကောက်ရိုးဒိုင်းကာမှာ ပုံမှန်ဒိုင်းကာများ ချပ်၀တ်များကဲ့သို့ မကောင်းသော်လည်း အတော်အသင့် လုံခြုံမှုကို ပေးစွမ်းနိုင်ဆဲပင်။ ထို့အပြင် ထိုကြိမ်နှင့် ကောက်ရိုးများဖြင့် အတူတကွ ရက်လုပ်ထားသော ဒိုင်းကာများမှာ ပေါ့ပါးလှပေရာ သူတို့မှာ မည်သည့်နေရာသွားသွား ဟန်လုပ်ကာ သယ်သွားလေ့ရှိသည်ပင်။ ဤနည်းဖြင့် အိမ်ရှိကလေးများ လက်ဆော့ခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်သည်ဟူ၍ပင်။