Arc 2 Ch 44

359 56 0
                                    

🌱Arc 2 -[ အလယ်ခေတ်တွင် လယ်စိုက်ခြင်း ]
Ch 44
အုတ်ဂျုံများကိုရိတ်သိမ်းခြင်း (၁)

စွေ့ချီချောင်းက မည်းမှောင်နေသော မျက်နှာဖြင့် ရေထဲမှ ကြောင်အား ဂုတ်မှဆွဲ၍ ကောက်ယူလိုက်လျှင် ကြောင်က ရုန်းရင်းကန်ရင်း ပါလာတော့သည်။ စွေ့ချီချောင်း၏ မျက်နှာပေါ်မှ ရေစက်များမှာ မခြောက်သွေ့သေးပဲ ကျယ်ပြန့်ချောမွေ့သော ရင်ဘတ်ပေါ်အထိ စီးကျလာခဲ့သည်။

ရှောင်ပိုင်မှာ တိတ်တဆိတ် တွေးလိုက်မိသည်။
ဒီလူက စိတ်ပုပ်စိတ်ယုတ်ရှိပေမယ့် ရုပ်ကလေးကတော့ လက်ခံနိုင်လောက်သည့် အနေအထားရှိသားပဲ…

သို့သော် ရှောင်ပိုင် အခြားအရာများကို စိတ်ပူနေရန် အချိန်မရှိတော့ချေ။ အဘယ်ကြောင်ဆိုသေည် စွေ့ချီချောင်းမှာ ကြောင်ကလေးအား ရေပတ်၀တ်နှင့်ပွတ်တိုက်လိုက်ပြီးနောက် တစ်၀က်စိုနေသော အနေအထားနှင့် ကြောင်ကလေးအား အ၀တ်နှင့်ပတ်ကာ ပြတင်းပေါက်ဘောင်ပေါ်တွင် ချိတ်ဆွဲလျက် နေပူဆာလှုံခိုင်းထားလိုက်၍ပင်။

ရှောင်ပိုင်မှာ ထိုအတိုင်း မလှုပ်မရှားနိုင်ပဲ စွေ့ချီချောင်း၏ မျက်နှာကို စိုက်ကြည့်ကာ အော်လိုက်သည်။
"မြောင်းး~"

စွေ့ချီချောင်းကမူ အမူအယာမဲ့သော မျက်နှာဖြင့်သွေးအေးစွာဆ်ိုလိုက်သည်။
"ဒီနေ့ကစပြီး မင်းစံအိမ်ထဲမှာ ကြွက်ဖမ်းရမယ်…"

ရှောင်ပိုင် : ဟင်…

ရှောင်ပိုင်မှာ ထိုနေရာမှ ဆင်းလာချင်သော်လည်း  အ၀တ်ထုတ်အား ညှပ်ထားသောကလစ်မှာ ပိုဆိုက်ဒန်၏ အပ်ချောင်းလိုပင် မည်သို့ရုန်းရုန်းမလွတ်ချေ။

စွေ့ချီချောင်းမှာ သစ်သားရေစည်ပိုင်းထံသို့ ပြန်သွားလိုက်သည်။ ထို့နောက်ဆေးကြောကာ စိတ်ပျက်လက်ပျက်ဖြင့် အ၀တ်အစားတို့ကို ပြန်လည်၀တ်ဆင်လိုက်လေသည်။ တော်သေးတယ် ရေထဲမကျလို့ပေါ့… မဟုတ်ဘဲ နစ်သွားရင် ဘယ်လိုလုပ်မလဲ…

အလယ်ခေတ်တွင် ကြောင်များမှာ ဆိုးဆိုးရွားရွားဆက်ဆံခံရသည်ဖြစ်၍ စွေ့ချီချောင်းမှာ နောင်များတွင် ရှောင်ပိုင်ကို ပိုပြီးတင်းကြပ်ရန် ဆုံးဖြတ်လိုက်သည်။

လယ်စိုက်ကြမယ်Where stories live. Discover now