Unicode
ဝေ့လန် PK ယွင်ယင်း၊ ဝေ့လန် အနိုင်ရရှိ
_______________________________ယွင်ယင်း နားမလည်နိုင်ဖြစ်နေသည်။ ဝေ့ရွှင်းက ဝေ့လန်ကို ဘာလို့အဲ့လောက်အထိ လိုက်ဂရုစိုက်ပေးနေရတာလဲ သူမ နားမလည်နိုင်ပေ။ ဝေ့လန်မှာ လက်တွေခြေတွေမပါလို့လား၊ ဝေ့လန်က ကိုယ့်ဟင်းကိုယ်တောင်ထည့်မစားတတ်လောက်တဲ့အထိ ငယ်နေလို့လား၊ ဝေ့ရွှင်းက သူကိုယ်တိုင်တောင်သေချာမစားပဲ ဘာလို့အဲ့ကလေးစုတ်ပန်းကန်ထဲပဲ အသားတွေပြုံထည့်ပေးနေရတာလဲ အဲ့အပြင် ပိုစိတ်တိုစရာကောင်းသည်က ဝေ့လန်ဆိုတဲ့ကလေးစုတ်ကလည်း တစက်ကလေးအားနာခြင်းမရှိ၊ ကျေးဇူးတင်ခြင်းမရှိ ဝေ့ရွှင်းလုပ်ပေးနေတာတွေက ဖြစ်သင့်ဖြစ်ထိုက်သလိုမျိုးပဲ ဝေ့ရွှင်းထည့်သမျှ အသင့်ခူးခပ်စားနေလိုက်တာများ! ဘာစောက်ကျေးဇူးရှိလို့လဲ!
ဘာလို့အဲ့လောက်အထိ လိုက်ဖြည့်ဆည်းပေးနေရတာလဲ၊ ဘာလို့အဲ့လောက်အထိ အလိုလိုက်နေရတာလဲ၊ ဝေ့လန်ကရော ဘာလို့အဲ့လောက်အထိ အပျင်းတက်နေရတာလဲ၊ ဝေ့ရွှင်းကိုဘာလို့ခိုင်းစားနေတာလဲ၊ ထိုသို့ ဘာလို့ပေါင်းများစွာဖြင့် မနာလိုအူတိုဖြစ်နေသော ယွင်ယင်းတစ်ယောက် ဝေ့ရွှင်းကို နားမလည်နိုင်အောင်ဖြစ်နေသည်။
ယွင်ယင်းစိတ်ထဲမှာ အထုံးပေါင်းများစွာဖြင့် လိမ်ကျစ်နေပေမဲ့လည်း ဝေ့လန်နဲ့ဝေ့ရွှင်းတို့ကတော့ အိမ်မှာစားနေကျအတိုင်းသာ စားနေခြင်းဖြစ်သည်။ ဝေ့လန်က အစားချေးများသူတစ်ယောက်ဖြစ်တာကြောင့် သူမကြိုက်သည့်အစားအစာ၊သူမစားချင်သည့်အစားအစာဆို တစ်စက်ကလေးတောင်သွားမထိပေ။ ဒါပေမဲ့ မင်းက သူမစားချင်တဲ့အစားအစာတွေကိုယူပြီး သူ့ပန်းကန်ထဲထည့်ပေးလိုက်မယ်ဆိုလျှင် အံ့သြဖို့ကောင်းစွာပဲ တဖက်လူက ကုန်အောင်စားပေးမည်ဖြစ်ကာ သူ ဘယ်လောက်စားသလဲက မင်းဘယ်လောက်ထည့်ပေးနိုင်သလဲပေါ် မူတည်နေသည်။ ဝေ့ရွှင်းလည်း ဒီအကျင့်ကြီးက မကောင်းဘူးဟုထင်မိသော်ငြား သူလည်းဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် ဝေ့ရွှင်းခင်ဗျာ ဝေ့လန်ကြိုက်သည့်အသားတွေထည့်ပေးရင်း မကြာခဏ အသီးအရွက်တွေကိုပါ ကြားညှပ်ထည့်ပေးနေရသည်။
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Fanfictionဖန် ထွမ်စလေးရှင်း ဝေ့ဝေ့