Chapter 66

5K 828 63
                                    

Unicode

မိဘတွေကိုဖွင့်ပြောလာခြင်း
_____________________________

ဝေ့လန် ခေါင်းငြိမ့်ပြလာသည်။ သို့သော် သိပ်မကြာလိုက် တိတ်တိတ်ကလေးခေါင်းမော့လာပြီး ဝေ့ရွှင်းကိုထပ်နမ်းပြန်လေသည်။

ဝေ့ရွှင်းလည်းရွေးချယ်စရာမရှိတော့သည့်အဆုံး တစ်ဖက်လူလေးကြိမ်မြောက်နမ်းလာချိန်မှာတော့ သူ ဝေ့လန်ကို လှမ်းဆွဲကာ ဒီအဆိုးအပေလေးကို အကြာကြီးနမ်းပြီး ကောင်းကောင်းပညာပြလိုက်တော့သည်။ သူ့အထင် ဝေ့လန်က အချစ်နဲ့ပတ်သက်လာလျှင် အရမ်းတက်ကြွပြီး လူကပ်လွန်းသည်။ ဘယ်လောက်အထိစေးကပ်နေသလဲဆို ဆန်စေးကိတ်လေးလိုပဲ နူးညံ့ပျော့အိပြီးချိုမြိန်နေလိုက်တာမှ သူအရမ်းကိုသဘောကျမိလေသည်။

တစ်ခေါက်လောက် မူးဝေသွားအောင်အနမ်းခံရပြီးတာနဲ့ ဝေ့လန်ရဲ့နှုတ်သီးလေးကပြန်ငြိမ်သွားကာ သူ နောက်ထပ်တစ်ခေါက် ဝေ့ရွှင်းကိုမတိုက်ခိုက်လာတော့ပဲ ငြိမ်ငြိမ်လေးထိုင်ပြီး ရှင်းပြသမျှကိုသေချာနားထောင်နေသည်။

သောကြာနေ့ညနေပိုင်းမှာတော့ သူတို့အရင်ကသဘောတူထားတဲ့အတိုင်းပဲ ဝေ့လန်နဲ့ဝေ့ရွှင်း ဝေ့ရှီးတို့အိမ်အတူတူပြန်လာခဲ့ကြကာ ဝေ့လန်ကတော့ ဝေ့ရှီးကို သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအကြောင်း ဖွင့်ပြောပြဖို့အတွက် ပြင်ဆင်ခဲ့လေသည်။ သို့သော် ရောက်ရောက်ချင်း ဒီလိုဗုံးမျိုးပစ်ကြဲချပစ်လိုက်တာက လူကြီးတွေရဲ့ကျန်းမာရေးအတွက်မကောင်းဘူးဟုထင်မိတာကြောင့် သူပြန်စဥ်းစားသွားရသည်။ ထို့အပြင် သူ့အမေက ကုမ္ပဏီကိစ္စတွေနဲ့တစ်ပတ်လုံး ပင်ပန်းနေခဲ့တာဖြစ်တဲ့အတွက် အရင်နားပါစေဦး စနေနေ့မှပဲပြောပြတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

သို့သော်လည်း ဝေ့ရွှင်းက သူ့လောက်မသိတတ် မလိမ္မာပါ။ ထိုည အိမ်ပြန်ရောက်တာနဲ့ သူ ဝေ့ရှီးကိုရှာပြီး

'' ကျွန်တော် ခင်ဗျားနဲ့ နှစ်ယောက်တည်းစကားပြောလို့ရမလား ''

ဝေ့ရှီး ဝေ့လန်ရဲ့ 18နှစ်ပြည့်မွေးနေ့မှာလည်း ဝေ့ရွှင်းဆီကနေ ဒီလိုလေးနက်သည့်စကားမျိုးပြောခံရခဲ့ဖူးသည်။ သူမစိတ်ထဲ ထိုစကားကြောင့်စနိုးစနောင့်ဖြစ်နေခဲ့ကာ ဘာပြောလာမလဲဆိုတာကို အနည်းငယ်ရိပ်မှန်းသံမှန်းဖမ်းမိလေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now