Part 11

57.3K 354 1
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-11)

ကြွေတို့ ကတောက်ကဆဖြစ်ပြီးနောက်ပိုင်း ဦးဓနမော်ကွန်းဟာ အလုပ်တွေ ညနက်တဲ့အထိ အလုပ်လုပ်လာသည်။ အရင်ကဆို အလုပ်လုပ်ပေမဲ့ ဒီလောက်ကြီး ညမနက်ဖူးပေ။ အလုပ်နားတဲ့အချိန်လေး ကြွေအနား တောက်တဲ့လို တချိန်လုံး ကပ်နေတဲ့ ဦးဓနက အခုတော့ ကြွေကို ရှောင်နေတာမျိုးလည်း မဟုတ်ပေမဲ့ အနည်းငယ် စိမ်းသက်သွားဟန်။ အခန်းထဲမှာ အတူတူနေပေးတာကိုပဲကျေးဇူးတင်ရမလို ဖြစ်နေပြီ။

''ညစာစားပွဲတစ်ခု ရှိတယ်''

''ဟုတ်ကဲ့''

'' လိုက်ချင်ရဲ့လား မလိုက်ချင်ရင်လည်း ဘာမှမဖြစ်ဘူး''

ရွေးချယ်စရာ မေးခွန်းကို ကြွေဘယ်လို ပြန်ဖြေရမှန်းမသိ ဖြစ်ရသည်။ လိုက်ရမလား မလိုက်ရဘူးလား..လူကုံထံတွေ တက်တဲ့ ညစာစားပွဲမှာ ကြွေလို ဘာဂုဏ်မှ မရှိတဲ့ မိန်းမတစ်ယောက်က ဦးရဲ့ လက်ကို တွဲပြီး တက်သင့်ရဲ့လား တက်ခွင့်ရှိရဲ့လား။ ဒီလိုညစာစားပွဲတွေမျိုးကိုလည်း မမြင်ဖူးခဲ့သလို တခါမှလည်း မတက်ခဲ့ဖူးပေ။ ဒါကြောင့် စိတ်က တစ်မျိုးလေး ဖြစ်နေရသည်။

ကြွေဆီက အဖြေကို ဦးဓနက ခဏလောက် စောင့်ပေးသည်။

''ကြွေ မလိုက်ချင်ဘူး''

ပြန်ဖြေလာတဲ့ အဖြေကို ဦးဓနက ပြန်လည်ပြီး မေးကွန်း မထုတ်ခဲ့ပါ။

''ကောင်းပြီလေ ကိုယ် ဒီည နောက်ကျမယ်''

ဦးဓနက ပြောပြီး ရေချိုးခန်းထဲကို ဝင်သွားလေသည်။ တအောင့်လောက်ကြာတော့ ရေချိုးခန်းထဲက ထွက်လာခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်အဝတ်အစားခန်းကြီးထဲသို့ ဝင်သွားသည်။

ကြွေရုပ်လွှာလည်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဦးဓနလုပ်သမျှ လိုက်ကြည့်နေမိသည်။

မလိုက်ချင်ဘူးလို့သာ ပြောလိုက်ပေမဲ့ ကြွေ ဖြေလိုက်တဲ့အဖြေက မှားသွားပြီလားလို့ နောင်တရချင်လာသည်။ ဓနမော်ကွန်းက အသက်သာလေးဆယ်ကျော်တာ ရုပ်ရည်က လုံးဝ လျှော့မသွား။ ခန္ဓာကိုယ်ကိုလည်း အမြဲတမ်းလိုလို ထိန်းသိမ်းပြီး အစားအသောက်တွေကိုလည်း ဆင်ခြင်တာမို့ လေးဆယ်ကျော်ဗိုက်ပူကြီးတွေလို မဟုတ်ဘဲ နိုင်ငံခြားမင်းသားတွေလို ခန့်ညားနေတုန်း။

သူဌေးတွေအများကြီး တက်တဲ့ ညစာစားပွဲကို သွားဖို့အတွက် သေသေချာချာလေး ပြင်ဆင်နေသည်။ ဦးက အလုပ်သွားတာတောင်မှ တော်တော်လေး ခန့်ညားလွန်းနေတာ အခုလို ပွဲကြီးပွဲကောင်းကို သွားတဲ့အခါမှာတော့ ဦးဓနရဲ့ ရုပ်ရည်က လုံးဝ နိုင်ငံခြားမင်းသားတစ်ယောက်လို ချောမောခန့်ညားနေသည်။

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Where stories live. Discover now