Part 24

40.7K 254 3
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-24)

''နာမည်ဘယ်လိုခေါ်လဲ''

''ကြွေရုပ်လွှာပါ''

''အသက်ကရာ''

''၂၀ ပါ''

''ဟုတ်ပြီ''

''ကျွန်မမှာ မိဘတွေမရှိတော့ဘူးလားဟင်''

နာမည်တွေ အသက်တွေကို အရင်နေ့တွေကတည်းက နည်းနည်းချင်း ပြောပြထားတာကြောင့် အခုဆိုရင် သူမနာမည်နဲ့အသက်ကို သူမက ကောင်းမွန်စွာ သိနေပြီ။

''မိဘတွေ မရှိကြတော့ဘူးလားဟင်''

''အင်း မရှိတော့ဘူး''

''ဪ ဒါဆို ကျွန်မက အရင်ကဘာလုပ်တာလဲဟင်''

ပြန်ဖြေလိုက်လေ စည်သူ..ကြွေရုပ်လွှာ မေးနေတာပဲ ပြန်ဖြေလိုက်စမ်းပါ။ ကြွေရုပ်လွှာမေးတဲ့ အရာအားလုံးကို ဖြေနိုင်ပေမဲ့ တစ်ခုကိုတော့ သူထိန်ချန်ထားတာကတော့ ဓနမော်ကွန်းနဲ့ ပတ်သက်တဲ့အကြောင်းတွေကို သူမရှေ့မှာ မပြောပြမိခဲ့တာပင်။ ဒါဟာ ဘာကြောင့်လဲဆိုတာ သူကိုယ်သူလည်း မသိ။ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး စဉ်းစားလိုက်တိုင်း သူဌေးကြီးကို သစ္စာဖောက်မိပြီလားဆိုတဲ့ အတွေးတွေက အမြဲဝင်လာသည်။

သူဌေးကြီးက အခုဘယ်ရောက်နေတာလဲ..။ ဘာဆိုဘာမှ လက်လှမ်းမမီနိုင်တဲ့နေရာမှာ အခု ကြွေရုပ်လွှာနဲ့သူ နှစ်ယောက်တည်း နေလာတော့ လောဘလေးတက်ချင်လာရသည်။ တာဝန်ယူကာကွယ်ပေးရမယ့်အရာကို တစ်သက်လုံး ထမ်းပိုးချင်လာပြီ။ သူဌေးကြီးပေးတဲ့ အမိန့်တော်အနေနဲ့ မဟုတ်ဘဲ သူကိုယ်တိုင် လိုလိုလားလား ဆောင်ရွက်ချင်နေတဲ့ အရာတစ်ခု..။

''ဒီအတိုင်း ကိုယ်နဲ့ကြွေ နှစ်ယောက်တည်း နေခဲ့တာ''

''အော်..အဲ့လိုလား''

ဘာမှမသိတဲ့ ကြွေရုပ်လွှာက စည်သူ ပြောသမျှအဟုတ်ထင်နေသည်။

''ကိုယ် ဘယ်သူလဲ ပြောပြပါအုံး''

''ကိုစည်သူပါ''

''ဟုတ်တယ် ကြွေနဲ့ကိုယ်က နှစ်ယောက်တည်း ဒီလိုပဲ တသက်လုံး နေလာခဲ့တာ မှတ်ထားနော် ''

''ဟုတ်ကဲ့''

မှတ်ညဏ်ပျောက်တာက ယာယီဆိုပေမဲ့ ဒီယာယီခဏလေးအတွင်းမှာ ကြွေရုပ်လွှာရဲ့ နှလုံးသားထဲကို အလည်ဝင်ချင်သည်။ တစ်ချိန်လုံး ငေးကြည့်နေခဲ့ရတဲ့ မျက်နှာလေးကို အပိုင်လိုချင်လာသလိုတစ်သက်လုံးသာ အနားမှာ ခေါ်ထားခွင့် ရရင်တော့ သူ့ကံပေါ့လေ။

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Où les histoires vivent. Découvrez maintenant