ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-12)
မနက်မိုးလင်းတော့ ကြွေရုပ်လွှာတစ်ယောက်တည်း ကုတင်ပေါ်မှာ ကျန်ခဲ့ရသည်။ အရင်ကဆို ကြွေရုပ်လွှာက မနက်အစောကြီးထတတ်ပေမဲ့ ဒီနေ့တော့ ကြွေနောက်ကျမှ အိပ်ရာနိုးလာခဲ့သည်။ ညကလည်း ဦးထသွားမှာ စိုးတာနဲ့ ခဏခဏထကြည့်လိုက် ပြန်အိပ်လိုက် ခဏထကြည့်လိုက် ပြန်အိပ်လိုက်နဲ့ မနက်လင်းခါနီးမှ အိပ်ပျော်သွားခဲ့တာမလား။ နာရီလေးကို ကောက်ကြည့်လိုက်တော့ မနက်ဆယ်နာရီခွဲတောင် ရှိနေပြီ။ တစ်ခါမှ ဒီလို အိပ်ရာထ မနောက်ကျဖူးတာမို့အ်ိပ်ယာလေးကို ကပျာကယာ သိမ်းကာ အောက်ကို ဆင်းလာခဲ့သည်။ ကြွေတို့ရဲ့ အခန်းထဲက ပစ္စည်းတွေ အခန်းသန့်ရှင်းရေးတွေကို ဘယ်အလုပ်သမားကိုမှ မခိုင်းဘဲ ကြွေတစ်ယောက်တည်း လုပ်သည်။
ဦး အဝတ်အစားတွေကအစ ကိုယ်တိုင်ပဲ လျှော်ဖွတ်ပေးသည်။ လျှော်တဲ့နေရာမှာလည်း အဝတ်လျှော်စက်ကို မသုံးဘဲ လက်နဲ့ပဲ သေသေချာချာ လျှော်ဖွတ်ပေးသည်။အောက်ရောက်တော့ ထမင်းစားခန်းထဲ ရယ်မောသံတွေနဲ့ ဆူဆူညံညံအသံတွေကြောင့် ကြွေ အမြန်ဆင်းလာခဲ့လိုက်သည်။ ဒီအချိန်ဆို ဦးက အလုပ်သွားနေပြီမလား။ ဘာလို့ ဦးအသံက ကြားနေရတာလဲ..။
မီးဖိုခန်းထဲ ရောက်သွားတော့ ညက ပါလာတဲ့အမျိုးသမီးနဲ့ ဦးက ရယ်ရယ်မောမော စကားပြောနေကြသည်။ ကြွေကို မြင်တော့ အဲဒီအမျိုးသမီးက ပြုံးပြလာသည်။ ဦးဓနကတော့ ကြွေကို မြင်သားနဲ့..
''ဒီကိုလာ''
''ဟုတ်ကဲ့''
ကြွေလည်း ဦးနံဘေးနား လွတ်နေသော ထိုင်ခုံပေါ် သွားထိုင်လိုက်ပြီး..
''ဒီမှာလေ ငါပြောနေတဲ့..''
'' ငါသိပါတယ် နင့်မိန်းမ မဟုတ်ဘူးလား ''
''ဟုတ်တယ်''
''ငယ်ငယ်လေးပဲရှိသေးတာပဲနော်''
ကြွေကို ကြည့်ပြီး ပြောလာတော့ ခေါင်းညိတ်ပြလိုက်သည်။
''ဦးက ဒီနေ့ အလုပ်မသွားရဘူးလားဟင်''
'' ညနေမှပဲ တစ်ခေါက်သွားတော့မယ်၊ မိတ်ဆက်ပေးရဦးမယ်၊ ဒါ ကိုယ့်ရဲ့ ငယ်သူငယ်ချင်း မေမဒီတဲ့၊ ညက မိတ်ဆက်ပေးမလို့ပဲ၊ သူက နည်းနည်းမူးနေလို့''

YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Fantasyအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။