Part 23

41.9K 252 1
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-23)

''ဟင် စည်သူ ဘယ်လိုရောက်လာတာလဲ၊ ဦးရော ဦးဘယ်မှာလဲ''

အိပ်မှုန်စုံမွှားနဲ့ ထိတ်ထိတ်လန့်လန့် ပြောလာတဲ့ ကြွေရုပ်လွှာကို စည်သူက အလောတကြီး ရှင်းပြဖို့ ပြင်ရသည်။

''ကျွန်တော်ပြောတာ တခဏလောက် နားထောင်ပေးပါ၊ အခုအခြေအနေတွေက အရေးပေါ်အခြေအနေဖြစ်နေတယ်၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ''

''ဘာကိုလိုက်ရမှာလဲ စည်သူ ဘာတွေလာနောက်နေတာလဲ၊ အခုချက်ချင်း အပြင်ကို ထွက်သွားနော်၊ ဦးကရော ဘယ်ရောက်သွားတာလဲ ဦးရေ..ဦး!..''

ခုထိအခြေအနေမှန်ကို မသိသေးတဲ့ ကြွေရုပ်လွှာက ငြင်းဆန်ကာ အခန်းပြင်ကို ထွက်ဖို့ကြိုးစား သည်။ စည်သူလည်း အချိန်နည်းနည်းလေးမှ မဆွဲနိုင်တာကြောင့် လက်ကိုဆွဲပြီး လျို့ဝှက်တံခါးကနေ အပြင်ထွက်ဖို့ လုပ်သည်။

ဒိုင်း..ဒိုင်း..ဒိုင်း..

ထိုစဥ် သေနတ်သံတွေက ဆက်တိုက်ဆိုသလိုထွက်လာသည်။

''ဘာသံတွေလဲ ဘာတွေလဲ ဦးကရော ဦးကရောလို့ မေးနေတယ်လေ''

''သူဌေးကြီး ရှိပါတယ် သူဌေးကြီးခေါ်ခိုင်းလိုက်တာပါ ''

''ဦးကခေါ်ခိုင်းလိုက်တာ ဘာဖြစ်လို့လဲ ''

''အောက်မှာ အခြေအနေတွေ ရုတ်ရုတ်သဲသဲဖြစ်နေတယ်၊ အရင်ဆုံး မကြွေ အန္တာရယ်ကင်းဖို့ ဘေးကင်းရာကို အရင်လိုက်ခဲ့ပါ''

''ဦးရှိနေမှာလား ဦးစောင့်နေမှာလားဟင်''

''ဟုတ်ပါတယ် သူဌေးကြီးရှိနေပါတယ် သူဌေးကြီးကိုယ်တိုင် ခေါ်ခိုင်းတာပါ မြန်မြန်သွားရအောင် ကျွန်တော်တို့မှာ အချိန်မရှိဘူး''

ဒီလိုဆိုတော့မှ ကြွေရုပ်လွှာက စည်သူနောက်ကိုလိုက်ဖို့ အသာတကြည် ခေါင်းညိတ်လာသည်။ ခေါင်းညိတ်တာနဲ့ ချက်ချင်း ကြွေရုပ်လက်ကို ဆွဲကာ ထွက်ပြေးဖို့ပြင်ရသည်။

သူဌေးကြီးတို့ကရော ဘယ်လိုဖြစ်နေပြီလဲ။ သေချာပေါက် အန္တာရယ်ကင်းမယ်လို့ ယုံကြည်ပါသည်။ အောက်ကိုရောက်တော့ ကံဆိုးစွာနဲ့ မျက်နှာဖုံးစွတ်ထားတဲ့ လူသုံးယောက်မြင်ရာ ခြံအပြင်ကို အမြန်ရောက်အောင် ထွက်ပြေးဖို့ကြိုးစားပေမဲ့ ထိုလူတွေက ကြွေရုပ်လက်ကို ဆွဲပြီး..

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Where stories live. Discover now