Part 26

44.8K 280 5
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-26)

''အခု ဘယ်ရောက်နေတာလဲ အခု ဘယ်ကိုရောက်နေတာလဲ''

အခန်းတံခါးကို ထုရိုက်ပြီး အပြင်ထွက်ဖို့ကြိုးစားပေမဲ့ အခန်းတံခါးက ဘယ်လိုမှဖွင့်လို့မရပါ။ မနေ့ညက ကိုစည်သူက အခန်းထဲဝင်ဖို့ ပြောတာနဲ့ ခေါင်းထိုးခေါင်းကိုက်နေရာကနေ တချိုးတည်အိပ်ပျော်သွားခဲ့သ​ည်။ အိပ်ရာကနိုးလာတော့ သူမအခန်းမဟုတ်ဘဲ ဘယ်နေရာကို ရောက်နေသလဲဆိုတာ မသိ။ ကိုစည်သူရော ဘယ်ကိုရောက်နေတာလဲ။

''ဘယ်သူရှိလဲ တံခါးဖွင့်ပေးပါ ဘယ်သူရှိလဲ ကိုစည်သူ.. ကိုစည်သူရေ ကြွေကို တံခါးလာဖွင့်ပေးပါ''

တံခါးကို ဆက်တိုက် ထုရိုက်နေတော့ လူတစ်ယောက်က တံခါးဖွင့်ပေးလာပြီး အခန်းထဲ ဝင်ရောက်လာသည်။ သူက ဟိုမနေ့က လူကြီး..။

လူကြီးက ကြွေကို နွေးနွေးထွေးထွေးပြုံးပြ၍ အနားကို တိုးကပ်လာသည်။ ဒါပေမဲ့ ကြွေအတွက်ကတော့ သူစိမ်းလူကြီးထက်မပိုပါ။

''ရှင် ဘယ်သူလဲ ရှင်က ကိုစည်သူရဲ့သူဌေးမလား၊ ကိုစည်သူရော အခုဘယ်သွားတာလဲ''

''စည်သူက ခရီးထွက်သွားပြီ''

''ဘယ်လို ကိုစည်သူက ခရီးထွက်သွားတယ် ကြွေကို ဘာမှမပြောပဲနဲ့၊ မယုံဘူး ရှင် ဘာလုပ်လိုက်တာလဲ၊ ကိုစည်သူကို ဘာလုပ်လိုက်တာလဲ၊ ရှင်တို့က ဇာတ်ကားတွေထဲက လူကြမ်းတွေလိုပဲ၊ မဟုတ်မှ ရှင်တို့တွေက လူဆိုးလား''

''ဟားဟား..ကြွေရုပ် မင်းပြောမှပြောတတ်ပါ့ကွာ''

ကြွေရုပ်ဘယ်လိုပဲပြောပြော ဒီလူကြီးက မနာနိုင်ဘဲ သဘောကျသလိုတောင် တဟားဟားအော်ရယ်နေလိုက်သေးသည်။

''စည်သူက ဒီကိုပြန်မလာတော့ဘူး''

''ဘယ်လို!.. ကိုစည်သူက ဘာလို့ပြန်မလာရမှာလဲ၊ ဟင့်အင်း ကိုစည်သူကို ပြန်ခေါ်ပေး၊ ကျွန်မ ကိုစည်သူနဲ့ ပြန်မှာ''

''တော်စမ်း ကြွေရုပ်!..မင်းရဲ့ ကျန်းမာရေးကြောင့် ကိုယ် ဒီလောက် အလျှော့ပေးနေတာ၊ မင်းပါးစပ်က အခြားယောကျ်ားနာမည် ထွက်လာတာနဲ့တင် မင်းကို ကိုယ် စိတ်တိုနေတာ''

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Место, где живут истории. Откройте их для себя