ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-21)
ကြွေရုပ်လွှာ ကောင်းမှုကြောင့် ဦးမင်းထင်မော်ကွန်း ဆေးရုံမှာ တစ်ပတ်လောက် သောင်တင်လိုက်ရသည်။ သူမကြောင့်ဖြစ်တာမို့ စိတ်မကောင်းလို့ ဆေးရုံကို လာကြည့်မယ်ပြောတာတောင် မင်းထင်မော်ကွန်း ကပျာကယာ တားရသည်။ သူမမျက်နှာ ထပ်တွေ့တော့မှ သွေးတိုးပြီး တစ်ခါတည်း အနိစ္စချုပ်ရတော့မယ်အဖြစ်ကို ကိုယ့်ဘာသာကိုယ် လက်ယပ်မခေါ်နိုင်။
အနည်းငယ်မျှ ထူထောင်နိုင်တော့မှ မင်းထင် အလုပ်တွေပြန်လုပ်လို့ရသည်။ မြေးဖြစ်သူအကြောင်း အမြဲတမ်း စုံစမ်းနေတော့ ဓနမော်ကွန်းရဲ့ အနားမှာ အန္တရာယ်တွေအားလုံးကို ဓနထက် သူက ကြိုသိသည်။
''အားလုံး အပြင်ထွက်သွားကြ''
ဆေးရုံအခန်းထဲ သက်တော်စောင့်တွေအကုန်လုံးကို အပြင်ကို ထွက်ဖို့ အမိန့်ပေးသည်။ အခန်းထဲမှာ မင်းထင်မော်ကွန်းနဲ့ ဓနမော်ကွန်းနှစ်ယောက်တည်းသာ ကျန်သည်။
''ဓန!..''
''ဟုတ်ကဲ့ အဘိုး ''''ဓနစံအိမ်ရဲ့ ရင်သွေးမျိုးဆက်ကိစ္စကို ဒီတစ်ခါ ငါ လျော်ပေးလိုက်မယ်''
''ကျေးဇူးတင်ပါတယ် အဘိုး''
''ကလေးမကိုတော့ ငါမျက်စိရှေ့ ခေါ်မလာခဲ့နဲ့ ''
အဘိုးက ကြွေရုပ်ကို တော်တော်လေး လန့်သွားခဲ့သည်။ အမြဲတမ်း သိိုသိုသိပ်သိပ်သာ နေတတ်တဲ့ ကြွေရုပ်ရဲ့ နောက်မျက်နှာတစ်ခြမ်းကို မြင်လိုက်ရတော့ ဓနကိုယ်တိုင် အံ့သြသွားရသည်။ ကြွေရုပ်လွှာက စွာတေးလန်လေးလား။
''Diamond ဂိုဏ်းနဲ့ ပြဿနာတစ်ခုခုဖြစ်ထားသေးလား''
အဘိုးကအကြောင်းမရှိဘဲ ထပြောလာတော့ အဘိုးတစ်ခုခုကို ခြေရာခံမိနေမှန်း သိလိုက်သည်။
''ဟုတ်ကဲ့ ''
''ဘာကိစ္စလဲ''
''တရားမဝင်လုပ်ငန်းတွေ သယ်ပို့ဖို့ ကျွန်တော့်ကို အကူအညီတစ်ခါလောက် တောင်းဖူးတယ်''
''ဒီတော့''
''ကျွန်တော်လက်မခံလိုက်ဘူး''
''အဲဒါကြောင့် ဖြစ်မှာပေါ့ ''

YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Fantasyအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။