Part 15

50K 276 0
                                        

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Patt-15)

''သူဌေးက ငါ့ဆီရောက်လာပါလား ဘာဖြစ်တာလဲ ထူးထူးဆန်းဆန်း''

ထက်ရောင်ဝါ ဆေးခန်းကို ဓနမော်ကွန်းက ရောက်နေတော့ ထူးဆန်းနေသည်။ သူငယ်ချင်းတွေဖြစ်ကြပေမဲ့ သူ့အလုပ်နဲ့သူ ကိုယ့်အလုပ်နဲ့ကိုယ်မို့ အားလုံးက အသက်ကြီးလာလေ တွေ့ဖို့အချိန်နည်းလေ ဖြစ်နေသည်။

တကူးတက ရောက်လာတဲ့ ဓနမော်ကွန်းကို ထက်ရောင်ဝါက အထူးအဆန်းသဖွယ် မေးလာသည်။

''အခု အားလား''

''ဘာဖြစ်တာလဲ ရောဂါဖြစ်လာတာလား ဘာလဲ ''

''ဆေးစစ်ချင်လို့''

''မင်း အဲ့ဒါ Medical check up လတိုင်းလုပ်နေတယ်မလား''

''မသေချာလို့ ထပ်စစ်ချင်တာ''

''ဘယ်လိုမျိုးလဲ ''

မနေ့ကတည်းက ဓနမော်ကွန်း ဦးနှောက်ခြောက်နေသည်။ ကိုယ့်ကိုကိုယ် ဘယ်လိုပဲ ယုံကြည်မှုရှိပါတယ်ပြောပြော မနက်က ဟိုလူတွေ ပြောသွားတဲ့စကားက သူ့ဦးနှောက်ထဲ အလိုလို ဝင်နေသည် ။

ဘယ်လိုလုပ်ပြီး ကလေးမရသေးတာလဲ..။

နှစ်ယောက်အတူ ဆက်ဆံကြရင်ပေါ့ တခါမှ အကာအကွယ်နဲ့ မနေဖြစ်ခဲ့။ အခုဆို သူမနဲ့ ပိုလိုတောင် အတူတူနေဖြစ်သည်။ အဲဒါ ဘာတစ်ခုမှ မထူးခြားလာသေးတဲ့ သူ့ကိုယ်သူ သံသယဝင်လာရသည်။

သူ လုပ်ပုံကိုင်ပုံနဲ့ လုပ်ရည်ကိုင်ရည်နဲ့ဆို ကလေးက တဒါဇင်လောက် ရရတော့မှာ။

သူ မရှင်းဘဲ ဇဝေဇဝါ ဖြစ်နေတဲ့ ကိစ္စတွေကိုသူငယ်ချင်းလည်းဖြစ် ဆရာဝန်လည်း ဖြစ်တဲ့ ​ထက်ရောင်ဝါကိုပဲ ဆွေးနွေးဖြစ်သည်။ သကောင့်သားက ကျန်တဲ့အချိန်မှာဆို စချင်စမယ် နောက်ချင်နောက်မယ် ဒီလိုအချိန်တွေဆို သေသေချာချာ နားထောင်ပေးသည်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားနိုင်တဲ့သဘော..။

''ကလေးမရနိုင်တဲ့သူက မင်းမဟုတ်ဘဲ မင်းမိန်းမဖြစ်နေရင်ရော''

''မဖြစ်နိုင်ဘူး ကလေးမက တော်တော်လေးအသက်ငယ်သေးတာ၊ ဖြစ်နိုင်ရင် ငါပဲ အဆင်မပြေဖြစ်မှာ ''

ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)Where stories live. Discover now