ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ-(Part-33) end
''အဟင့် ဦးနော် မယုတ်မာနဲ့''
မျက်နှာလေးမဲ့ပြနေတဲ့ ကလေးမလေးကို ချစ်လွန်းလို့ ဓနမော်ကွန်း ကိုက်စားချင်လာရသည်အထိ။
''ခင်ဗျားလေးက တော်တော်ကျေးဇူးကန်းနေတာ သိလား''
''ဟုတ်လည်းမဟုတ်ဘဲနဲ့ လျှောက်ပြော''
''ဒါက ကျေးဇူးရှင်ကို ပြစ်မှားနေတာ မဟုတ်ဘူးလား''
'' ဒါကတော့..''
''ဘာဖြစ်လဲ ဆက်ပြောလေ''
စကားကိုတစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်တဲ့ ကြွေကို ဓနက စနောက်ပြောဆိုပေမဲ့ ကြွေကတော့ အတည်ထင်ကာ ကူကယ်ရာမရဖြစ်နေလေသည် ။ ငိုမဲ့မဲ့လေးဖြစ်နေတဲ့ မျက်နှာလေးကို ဆက်မကြည့်ရက်တော့တာမို့ ပါးပြင်လေးကို ခပ်ဖွဖွလေး ဖျစ်ညစ်ကာ နို့ဝပြီး အိပ်ပျော်နေသော သားလေးကို တချက်ကြည့်ပြီး ဓန ပြုံးနေမိသည်။
ပါးမို့မို့လေးကို ဖျစ်ညှစ်ရင်း နဖူးလေးကိုပါ တစ်ဆက်တည်း နမ်းပစ်ကာ..
''ချာတိတ်!..''
''ဟင်''
ထူးသံလေးကလည်း နှစ်ကိုယ်ကြားထဲကနေ တိုးတိုးလေး ထိုးထွက်လာသည်။
''ချာတိတ်ကို ကိုယ်အရမ်းချစ်တယ်နော် ''
စူးစူးရှရှအကြည့်တွေနဲ့ ပြောလာသော ဦးရဲ့မျက်ဝန်းတွေကနေ ခံစားချက်တွေက အစစ်အမှန်ပဲဆိုတာ ခံစားမိပါသည်။ ကြွေလည်းထပ်တူထပ်မျှခံစားရတာမို့ ခေါင်းလေးညိတ်ပြပြီး သူ့ရဲ့ရင်ခွင်ထဲကိုသာ အတင်းတိုးဝင်လိုက်တော့သည်။
ကလေးမွေးဖွားပြီးခါစ သွေးနုသားနုမို့လားမသိဘူး။ ခံစားချက်တွေက နုနုယ်ကာ လှိုက်ဖိုလာ၍ ရင်ဘတ်ထဲကတောင် တဒုန်းဒုန်းနဲ့ ခုန်လာကာ ပေါက်ကွဲတော့မည့်အတိုင်း။
''ကြွေလည်း..ကြွေလည်း လူကြီးကို အရမ်းချစ်ပါတယ်''
ရွှတ်
ဦးရဲ့မေးဖျားလေးကို အနမ်းလေးဖွဖွပေးကာ ခုနက နေသလို ဦးရဲ့ရင်ခွင်ထဲသာ အတင်းတိုးဝင်ပြီး ပုန်းနေမိသည်။ ဦးရဲ့လက်ဖဝါးကြီးကလည်း ကြွေ ခါးသိပ်သိပ်လေးကို စိတ်ထိန်းထားရသလို တချက်ကြမ်းကြမ်း ဖျစ်ညှစ်လာပြီး ကိုယ်လုံးလေးကိုလည်း အတင်းပွေ့ဖက်ကာ ထားလေသည်။

YOU ARE READING
ဦးပိုင်သောအခမဲ့ပြည့်တန်ဆာ🚨🚨🚨🚨🍼(Complete)
Fantasyအခန်းတိုင်းလိုလို warning ပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်မှသာဖတ်ကြပါရန်.. 🍼🍼မပြတ်သေးတဲ့ကလေးဆိုးကြီးက အပိုင်းတိုင်းလိုလိုကြမ်းပါမည်။