KrisYeol❤❤ One shot ..part1

8.6K 422 0
                                    

ကျောင်းသားအများစု​ကျောင်းဆင်းရင်​ဘာလုပ်​​လေ့ရှိကြသလဲ အများစုက​တော့ သူငယ်​ချင်း​တွေစုပြီး ​ဘောလုံးကန်​တာဖြစ်​ဖြစ်​ မုန့်​ထွက်​စားတာဖြစ်​ဖြစ်​ နှစ်​သက်​ရာတခုခုကိုလုပ်​​လေ့ရှိကြမှာ​ပေါ့ ဒါ​ပေမယ့်​ အဲ့ဒီအများစုထဲမှာ ကျွန်​​တော်​မပါပါဘူး ကျွန်​​တော့်​ဘဝ​ပေးအ​ခြေအ​နေအရ ​ကျောင်းဆင်းချိန်​လည်း​အေး​အေး​ဆေး​ဆေး​နေလို့မရပါဘူး ကျွန်​​တော်​နာမည်​ Kris Wu ပါ တတိယနှစ်​​ဆေး​ကျောင်းသားတစ်​​ယောက်​ပါ ​ဆေး​ကျောင်းတက်​လို့ပိုက်​ဆံချမ်းသာတယ်​လို့​တော့မထင်​လိုက်​ပါနဲ့ အလွဲကြီးလွဲပါလိမ့်​မယ်​ ကျွန်​​တော်​​ဆေး​ကျောင်းတက်​​နေတာ​ကျောင်းက​ပေးတဲ့scholar shipရလို့ပါ ကျွန်​​တော်​ကပိုက်​ဆံ​တော့မချမ်းသာ​ပေမယ့်​ စာက​တော့​တော်​​တော့်​ကို​တော်​တာပါ ကိုယ့်​ကိုယ်​ကို​မြှောက်​​ပြောတာ​တော့မဟုတ်​ဘူး တကယ့်​ကိုgenius​ပဲ အာ့​ကြောင့်​ကျွန်​​တော့်​ကို​ကျောင်းသားမိဘ​တော်​​တော်​များများက သူတို့က​လေး​တွေကိုguideလုပ်​ဖို့ကမ်းလှမ်းကြတယ်​ သူတို့အတွက်​လည်းအဆင်​​ပြေ ကျွန်​​တော်​လည်းပိုက်​ဆံရ နှစ်​ဦးနှစ်​ဖက်​အဆင်ြေ​ပ​တော့ ​ကျောင်းသား​လေးတစ်​​ယောက်​ကိုGuideလုပ်​​ပေးဖို့လက်​ခံခဲ့ပါတယ်​ တခြားသူ​တော့မဟုတ်​ပါဘူး ကျွန်​​တော်​​​တို့Korea Top10စာရင်းဝင်​သူ​ဌေးကြီးPark Chenနဲ့Do Sooတို့ရဲ့တစ်​ဦးတည်းသော​သား​လေး သူ့နာမည်​ကဘာ...ဘာပါလိမ့်​...​သြော်​ Park Chanyeolတဲ့...သူ့အ​ဖေ​ပြောတဲ့သူ့အ​ကြောင်း​တွေက​တော့စိတ်​ချမ်းသာစရာတကွက်​မှမရှိပါဘူး စိတ်​ပျက်​စရာပါ..စာ​သင်​​ပေးတဲ့Guide​တွေကိုအမျိုးမျိုးစိတ်​အ​နှောင့်​အယှက်​​ပေးပြီး သူတို့ဘာသာအလုပ်​ထွက်​သွား​အောင်​လုပ်​တာမျိုးတို့ တစ်​လကိုတစ်​​ခေါက်​​လောက်​​ကျောင်းအုပ်​ကြီးရုံးခန်းကိုသွားရတာမျိုးတို့..အခန့်​မသင့်​ရင်​ရန်​အဖြစ်​လွန်​ပြီးရဲစခန်း​ရောက်​တတ်​တာမျိုး​တွေ...စုံလို့ပါပဲ..အာ့​ကြောင့်​လဲကျွန်​​တော့်​ကိုသူများနဲ့မတူတဲ့လခမျိုး​ပေးပြီးGuideလုပ်​​ပေးခိုင်းတာ​နေမှာ..မတတ်​နိုင်​ဘူး..သူ့ဘာသာဘယ်​​လောက်​ဆိုး​နေ​နေကျွန်​​တော်​က​တော့ကျွန်​​တော့်​ဝမ်းစာအတွက်​ဒီအလုပ်​ကိုလက်​ခံရမှာပဲ ...​သြော်​..အ​တွေး​တွေလွန်​​နေလိုက်​တာသူ​ဌေးကြီးChenရဲ့အိမ်​​ရှေ့​တောင်​​ရောက်​​နေပီ...ကဲ..Kris Wu..Fighting!

Krisyeol Fic Collection...❤KYWhere stories live. Discover now