...KY..ONE SHOT...

2.4K 208 4
                                    

"ပြတ်​ပီ....ခင်​ဗျားနဲ့ကျွန်​​တော်​..ဒီတခါတကယ်​ပြတ်​ပီ..​."

တဖက်က​နေသူ​ပြောချင်တာ​တွေ​​​ပြောပြီးပြီးချင်းဖုန်းချပစ်​လိုက်​တယ်​..ဒီဘက်​ကဘာမှပြန်​​ပြောချိန်​​တောင်​မရလိုက်​ဘူး..Krisလည်းစိတ်​တိုတိုနဲ့လက်​ထဲမှာကိုင်​ထားတဲ့ဖုန်းကိုအိပ်​ရာ​ပေါ်လွှတ်​ပစ်​လိုက်​တယ်​..

"ပြတ်​ကွာ..ပြတ်​..ဂရုကိုမစိုက်​ဘူး..ဆယ်​ခါပြန်​ပြတ်​......."

တ​ယောက်​တည်း​အော်​ဟစ်​​သောင်းကျန်းပီး​ရေချိုးခန်းထဲဝင်​သွားတယ်​..ဘယ်​နှယ့်​ဗျာ..ဒီကလူကအလုပ်​မှာစိတ်​ရှုပ်​စရာနည်းနည်း​ပေါ်လာလို့စိတ်​မကြည်​မလင်​ဖြစ်​​နေတာကို..ဒင်းကအလိုက်​မသိလာရစ်​​နေတယ်​....အခုပြတ်​ပီတဲ့..​အေးတာပဲ..ပြတ်​​ပေါ့..ဟွန်း...

ရေချိုးပီးတာနဲ့ညအိပ်​ဝတ်​စုံ​လေးဝတ်​ပြီးအိပ်​ရာ​ပေါ်တက်​လှဲ​နေလိုက်​တယ်​..အလုပ်​မှာပင်​ပန်းလာတာ​ကြောင့်​​စော​စောအိပ်​ဖို့ဆုံးဖြတ်​လိုက်​တယ်​...

သို့​သော်​..

"ဟာ...ဘာလို့သူ့အ​ကြောင်း​တွေ​လျှောက်​စဉ်းစား​နေတာလဲ...Kris Wu..အိပ်​​တော့.."

သူကိုယ်​သူ​ပြောပြီး​စောင်​ခြုံကာအိပ်​ဖို့ပြင်​လိုက်​သည်​...

ခဏအကြာ..

"Grrrrr...အိပ်​မရဘူး..Park Chanyeol..မင်းငါ့ကို​တော်​​တော်​ဒုက္ခ​ပေးပါလား..."

စောင်​ပုံထဲမှပြန်​ထွက်​ကာဖုန်းကိုလှမ်းယူလိုက်​သည်​..

"ဖုန်းဆက်​လိုက်​ရင်​​ကောင်းမလား?...ဟာ..သူနဲ့ငါနဲ့ပြတ်​ပီ​လေ..ငါဆက်​ရင်​ငါ​အောက်​ကျတာ​ပေါ့...ဆက်​ဘူး..."

"​တော်​ကြာသူစိတ်​မ​ကောင်းဖြစ်​ပီးငို​နေရင်​ဘယ်​လိုလုပ်​မလဲ...ထုံးစံအတိုင်းငါကပဲစဆက်​လိုက်​တာ​ကောင်းမယ်​ထင်​တယ်​...."

"မဟုတ်​ဘူး..ဒင်း​လေးကိုမှတ်​​လောက်​သား​လောက်​​အောင်​ပစ်​ထားရမယ်​..အရင်​လိုသူစိတ်​​ကောက်​တိုင်းလိုက်​​ချော့​နေလို့မဖြစ်​ဘူး..Kris..စိတ်​ထိန်းထားစမ်း..​နောက်​​နေ့မှဆက်​​တော့...အခုအိပ်​သင့်​​နေပီ..."

Krisyeol Fic Collection...❤KYWhere stories live. Discover now