One Shot Part2

4.4K 380 0
                                    

လူတဦး​နေ​နိုင်​ရုံမျှကျယ်​ဝန်း​သောအခန်းကျဉ်းကျဉ်း​လေးထဲတွင်​မီး​ရောင်​မှိန်​မှိန်​​လေးထွန်းထားသည်​..ထိုအခန်း​လေးထဲတွင်​လူတစ်​​ယောက်​..​တိတိကျကျ​ပြောရရင်​..ခပ်​​ချော​ချောလူတ​ယောက်​..ဖုန်းကိုကိုင်​ကာအိပ်​ရာထက်​တွင်​လဲ​လျောင်း​နေသည်​..​သေချာကြည့်​လျှင်​ ပြုံး​ယောင်​သန်း​နေ​သောသူ့မျက်​နှာ​ချော​ချောကို​တွေ့ရ​ပေလိမ့်​မည်​....

"Hyungကိုချစ်​တယ်​.."...အဲ့အသံ​လေးကိုပြန်​ကြား​ယောင်​လိုက်​တိုင်းစိတ်​ထဲမှာရင်​ခုန်​သလိုလို..​ကျေနပ်​သလိုလို..​ပျော်​သလိုလိုခံစားရတယ်​..ထို့​ကြောင့်​သူပို့ထား​သောvoice message​လေးကိုထပ်​ခါထပ်​ခါဖွင့်​နား​ထောင်​​နေမိတယ်​..

"Hyung....ကျွန်​​တော့်​ကိုစိတ်​ဆိုးသွားလား..​တောင်းပန်​ပါတယ်​..Hyungကိုခွင့်​မ​တောင်းပဲHyungရဲ့နှုတ်​ခမ်း​လေးကိုသိမ်းပိုက်​လိုက်​မိလို့..စိတ်​မဆိုးပါနဲ့​နော်​..အဲ့လိုလုပ်​မိတယ်​ဆိုတာကလည်း..ကျွန်​​...ကျွန်​​တော်​..hyungကို..ချစ်​လို့ပါ...ဟုတ်​ပါတယ်​..ကျွန်​​တော်​hyungကိုချစ်​တယ်​..hyungကျွန်​​တော့်​ဆီကိုပြန်​လာပါ​နော်​.....hyung...အရမ်းချစ်​တယ်​.."

ငိုသံအနည်းငယ်​ပါ​နေ​သောသူ့အသံ​ကြောင့်​စနား​ထောင်​​ထောင်​ချင်းစိတ်​ပူရ​သေးတယ်​..ဒီက​လေးက​တော့ငါသူ့ကိုစိတ်​ဆိုးသွားတယ်​ထင်​ပြီးငို​နေပြန်​ပြီထင်​တယ်​..တကယ်​​တော့ကျွန်​​တော်​ကစိတ်​ဆိုးတာမဟုတ်​ပါဘူး..ရုတ်​တရက်​ကြီးဆို​တော့လန့်​သွားတာ..အရင်​ကတည်းကကိုယ်​ကိုယ်​တိုင်​ကသူ့အ​ပေါ်မှာမရိုးသားတဲ့စိတ်​​တွေရှိခဲ့တာကိုး..Chanyeolရယ်​..hyungလည်းမင်းကိုချစ်​ပါတယ်​..ဒါ​ပေမယ့်​Hyungနဲ့မင်းနဲ့ဖြစ်​နိုင်​ပါ့မလား??အ​ခြေအ​နေအဆင့်​အတန်းချင်းကလည်းမိုးနဲ့​မြေလိုကွာခြားလွန်း​နေတယ်​...ဟူး.."

သက်​ပြင်းရှည်​တစ်​ခုချလိုက်​ကာအိပ်​​ပျော်​​အောင်​အိပ်​ဖို့ကြိုးစားလိုက်​သည်​..ဟုတ်​တယ်​​လေ..ဒီအချိန်​မှမအိပ်​ရင်​သူအိပ်​ဖို့အချိန်​မရှိ​တော့ဘူး..အခုပဲမနက်​၃နာရီထိုး​နေပြီ..Chanyeolဆီကပြန်​လာကတည်းက ဂနာမငြိမ်​ဖြစ်​ပြီးအခုအချိန်​ထိအိပ်​​မ​ပျော်​​သေးတာ..အိပ်​မ​ပျော်​​သေးခင်​အချိန်​ထိ​တိုင်​​အောင်​"hyungကိုချစ်​တယ်​"ဆိုတဲ့သူ့အသံသြသြ​လေးကိုကြား​ယောင်​​နေတုန်းပဲ..ဟူး..Kris Wuတို့​တော့ဒီ​နေ့အိပ်​ရမယ့်​ပုံမ​ပေါ်ဘူး......

Krisyeol Fic Collection...❤KYWhere stories live. Discover now