victim part5

2.1K 125 5
                                    

မနက်​မိုးလင်း​တော့အခန်းထဲ​ဝေ့ဝဲကြည့်​ပြီးလိုက်​ရှာမိသည်​..hyungများ​ရောက်​​နေမလားလို့​လေ....ထိုစဉ်​အခန်းတံခါးဖွင့်​ပြီးလူဝင်​လာသံကြားလို့ကြည့်​လိုက်​​တော့ကျွန်​​တော်​ချစ်​ရပါ​သောhyung....

"Chanyeol..နိုးပီလား..hyung​အောက်​ထပ်​မှာChanyeolစားဖို့ဆန်​ပြုတ်​သွားဝယ်​​နေတာ..."

"Hyung...."

"ဟင်​..​ပြော​လေ.."

"Arr..arni..ဗိုက်​ဆာပီလို့.."

မေးလိုက်​ချင်​တယ်​..ကျွန်​​တော့်​ကိုဘာမ​ကျေနပ်​တာရှိလို့လဲဆိုပြီး...မ​မေးရဲဘူး..သူ့အ​ကြောင်း​တွေကျွန်​​တော်​သိ​နေတာသူရိပ်​မိသွားရင်​ကျွန်​​တော့်​နားကထွက်​သွားလိမ့်​မယ်​....

"အာ..ပါးစပ်​ဟ..."

"Hyung..ရတယ်​..ကိုယ့်​ဘာသာစားမယ်​.."

"မရပါဘူး..​နေမ​ကောင်းတဲ့သူက​အေး​အေး​ဆေး​ဆေး​လေး​ကျွေးတာစားပါ..."

အပြုံးမပျက်​ပဲကျွန်​​တော့်​ကိုဆန်​ပြုတ်​​တွေတဇွန်းပြီးတဇွန်းခွံ့​ကျွေး​နေတယ်​​လေ..ပါးစပ်​မှာ​ပေသွားတဲ့​နေရာ​လေး​တွေကိုtissueနဲ့သုတ်​​ပေးလိုက်​..ဆန်​ပြုတ်​ပူပူကိုမှုတ်​ပြီး​ကျွေးလိုက်​နဲ့...တကယ်​​ရော​စေတနာပါရဲ့လား..အနာ​ပေးလိုက်​​..​ဆေး​ပေးလိုက်​နဲ့ပါလားhyungရယ်​...

"Hyung..​တော်​ပီ..မစားချင်​​တော့ဘူး.."

"wae?..စားမ​ကောင်းလို့လား..."

"Arni..ဗိုက်​ပြည့်​သွားပီ.."

"အာ့ဆိုလည်းChanyeolအနားယူလိုက်​ဦး​နော်​..hyungအိမ်​ခဏပြန်​ဦးမယ်​.."

ထပြန်​ဖို့ပြင်​​နေ​သောhyungရဲ့ခါးကိုဖက်​ထားလိုက်​မိသည်​...

"ခဏ​လေး​နေပါဦး..hyungရယ်​..ကျွန်​​တော့်​အနားမှာပဲ​နေပါ..."

"wae?..hyungပြီးရင်​ပြန်​လာမှာပဲဟာကို.."

"ဟင့်​အင်း..မသွားနဲ့..."

"Aigoo...ဘာလုပ်​မို့လဲ.."

Hyungရင်​ခွင်​ထဲသို့ပိုမိုတိုးဝင်​လိုက်​ရင်း..

"Hyung...ကျွန်​​တော့်​ကိုချစ်​လားဟင်​.."

Krisyeol Fic Collection...❤KYWhere stories live. Discover now