Krisyeol one shot

2.1K 158 2
                                    

:p...အသစ်​​​ရေးထားတာမရှိလို့fbမှာတင်​ပီးသားပြန်​တင်​တယ်​.. ငိငိ...တချို့ဖတ်​ဖူးကြမှာပါ....

Start>>>>

"Hyung...hyung..."

ပုရွက်​ဆိတ်​တက်​​လောက်​​အောင်​ချိုသာတဲ့အသံ​ဖျော့​ဖျော့​လေးနဲ့​သူကျွန်​​တော့်​ကို​ခေါ်လိမ့်​မယ်​...သူတခုခုပူဆာချင်​ရင်​​ပေါ့..

"ခင်​ဗျားကြီး....ကျွန်​​တော့်​ကိုလာ​မ​ခေါ်နဲ့..သွား..မုန်းတယ်​.."

ဒါသိပ်​အ​ခြေအ​နေမဆိုး​သေးဘူး...အ​ချော့ခံချင်​တဲ့အခါသူလုပ်​​နေကျအပြုအမူ​လေး​တွေ....

"..........."

သွားပီ....ဒါ​တော့အ​ခြေအ​နေဆိုးသွားပီ...ကျွန်​​တော့်​ကိုဘာစကားတခွန်းမှမ​ပြော​တော့ပဲရုပ်​တည်​ကြီးနဲ့သူလုပ်​ချင်​တာကိုဘယ်​သူ့ကိုမှဂရုမစိုက်​ပဲလုပ်​​တော့မှာ...ဒီ​လိုမျိုးဆို​ရင်​​တော်​​တော်​​ချော့ယူရပါတယ်​..အနည်းဆုံး၂ရက်​က​နေအများဆုံးတပတ်​​လောက်​ထိကိုအချိန်​ယူရပီး​ချော့ရပါတယ်​....

ချစ်​ဖို့​ကောင်းသ​လောက်​ဆိုးတဲ့က​လေး​လေး...သူ့​လောက်​အ​ချော့ကြိုက်​တာလည်းသူပဲရှိတယ်​..စိတ်​ကလည်း​ကောက်​တတ်​​သေးတယ်​..

သူငယ်​ချင်းတချို့က​တောင်​​ပြောတယ်​..မင်း​တော်​​တော်​စိတ်​ရှည်​သည်းခံနိုင်​တာပဲတဲ့...စိတ်​ရှည်​ရမှာ​ပေါ့​လေ...ချစ်​တာ​ကိုး...သည်းခံရမှာ​ပေါ့​လေ..သူမရှိပဲကျွန်​​တော်​မှမ​နေနိုင်​ပဲကိုး...

ဒါ​တွေကိုကျွန်​​တော့်​က​လေး​လေးကသိပ်​အခွင့်​​ကောင်းယူတာ...သူ့ကိုကျွန်​​တော်​သိပ်​ချစ်​မှန်းသိ​တော့ဆိုးချင်​တိုင်းကိုဆိုး​နေ​တော့တာ...

ဒီလိုနဲ့တရက်​....

Companyအစည်းအ​ဝေးခန်းထဲမှာAppaနဲ့တူတူအလုပ်​အ​ကြောင်း​တွေ​လေ့လာဖို့ကျွန်​​​တော်​လည်းထိုင်​ပီးနား​ထောင်​​နေတယ်​​ပေါ့....
အစည်းအ​ဝေးလုပ်​​နေတာဆို​တော့ဖုန်းကိုvibrationလုပ်​ထားတယ်​​လေ...အဲ့မှာကျွန်​​တော့်​က​လေး​လေးဖုန်း​ခေါ်ပါ​လေ​ရော...
အစည်းအ​ဝေးခန်းထဲမှာ​တော့ဖုန်းကိုင်​လို့လဲမဖြစ်​...ဖုန်းချပစ်​ရ​အောင်​လည်းဘိုး​တော်​​လေးစိတ်​ဆိုးဦးမယ်​...

Krisyeol Fic Collection...❤KYWhere stories live. Discover now