I'll Protect U,Baby..Part2

2.5K 210 9
                                    

တိတ်​ဆိတ်​ငြိမ်​သက်​​နေ​သောပတ်​ဝန်းကျင်​ကိုMrs.Wu၏ပြတ်​သားလှ​သောသြဇာသံကလွှမ်းမိုးလိုက်​သည်​..

"Yifan..ည​နေ၆နာရီမှာMoonlight HotelကိုသွားပြီးKim Suhoနဲ့လူချင်း​တွေ့ကြည့်​ပါ..အဆင်​​ပြေရင်​​နောက်​လထဲမှာလက်​ထပ်​​ပေးမယ်​.."

"nae?..Mama..ကျွန်​​တော်​.."

"ငြင်းဖို့မကြိုးစားနဲ့ Yifan..Mamaအကုန်​စီစဉ်​ထားပြီးသား.."

ကျွန်​​တော့်​စကား​တောင်​မဆုံး​သေးဘူး..Mamaကဖြတ်​ပြီးအမိန့်​​ပေးတယ်​..ဟုတ်​ပါတယ်​​လေ..ငြင်းခွင့်​မရှိပါဘူး..ငယ်​ငယ်​ကတည်းကအခုအချိန်​ထိMamaရဲ့စကားဆိုတ​သွေမသိမ်းနာခံခဲ့တာ..ဒါ​ပေမယ့်​..အခုဟာက..ကျွန်​​တော်​ချစ်​တဲ့သူနဲ့ပဲလက်​ထပ်​ချင်​တာ..ကျွန်​​တော်​ချစ်​တဲ့သူကChanyeol​လေ..ကျွန်​​တော့်​တစ်​ဘဝလုံး..ကျွန်​​တော့်​အချစ်​​တွေအကုန်​လုံးကိုChanyeolကိုပဲ​ပေးချင်​တာ..​တောင်းပန်​ပါတယ်​...ဒီတခါပဲMamaရဲ့အမိန့်​ကိုပယ်​ရှားခွင့်​ပြုပါ...

"ကျွန်​​တော်​လက်​မခံနိုင်​ဘူးMama..​တောင်းပန်​ပါတယ်​.."

ပြောပီးပီးချင်းbreakfastဝိုင်းကထထွက်​လာခဲ့တယ်​..ပြီး​တော့အခန်းတံခါး​သော့ခတ်​ပြီးအိပ်​ရာ​ပေါ်သွားလှဲ​နေလိုက်​တယ်​...​အောက်​ထပ်​က​နေMamaကျွန်​​တော့်​ကို​ခေါ်​နေတဲ့အသံ​တွေကြားပါတယ်​..လက်​မခံနိုင်​ဘူး..ဘယ်​လိုနည်းနဲ့လက်​မခံနိုင်​ဘူး...

"Park Chanyeol!!!!..Chanyeol!!!!အခုချက်​ချင်းငါ့ဆီကိုလာခဲ့စမ်း.."

သူ့နာမည်​ကို​အော်​​ခေါ်​နေသံကြားတာနဲ့ပန်းပင်​​လေး​တွေ​ရေ​လောင်း​နေရင်းအလန့်​တကြားအိမ်​ထဲ​ပြေးဝင်​လာခဲ့သည်​.....

အခန်းထဲမှာလှဲအိပ်​​နေရင်း​အောက်​ထပ်​က​နေMamaရဲ့​ဒေါသသံ​တွေကြားလိုက်​ရသည်​..Chanyeolကို​ခေါ်ပြီးဘာ​တွေဆူဦးမလို့လဲမသိဘူး..စိတ်​ညစ်​တယ်​...သွားကြည့်​ဦးမှပါ...ChanyeolကMamaကိုအရမ်း​ကြောက်​တာ.....

ဧည့်​ခန်းထဲကsofa​ခုံ​ပေါ်မှာ​ခြေတဖက်​ချိတ်ုပီးခန့်​ခန့်​ထည်​ထည်​ထိုင်​​နေတဲ့Mamaရဲ့​ရှေ့မှာဒူး​ထောက်​ကာ​ခေါင်းငုံ့ထား​သောChanyeolကိုသနားစဖွယ်​​တွေ့လိုက်​ရသည်​....သူ​​လှေကား​ပေါ်မှာရပ်​ပြီးကြည့်​​နေတာကိုMamaသိသည်​..သို့​သော်​မမြင်​ချင်​​ယောင်​​ဆောင်​ကာChanyeolကိုသာဆက်​​ပြော​နေသည်​...

Krisyeol Fic Collection...❤KYWhere stories live. Discover now