I'll protect u,baby..★ Final ★

2.2K 196 6
                                    

Hyungနဲ့​ဝေးရာကိုထွက်​သွား​တော့မယ်​ဆိုပြီး​ခြေဦးတည့်​ရာထွက်​လာခဲ့တာ..တကယ်​တမ်းကျ​တော့ကျွန်​​တော့်​မှာနားခိုစရာ​နေရာမရှိ...Appaမရှိ​တော့တဲ့​နောက်​ပိုင်းMrs.Wuရဲ့အမိန့်​အာဏာ​တွေ​ကြောင့်​Wuစံအိမ်​​တော်​ကြီး၏ခြံထဲက​နေခြံပြင်​ထွက်​ဖူးခဲ့တဲ့အ​ရေအတွက်​ကလက်​ချိုး​ရေလို့​တောင်​ရသည်​..​လောကကြီးအ​ကြောင်းကိုဘာမှမသိနားမလည်​ပဲနဲ့​ရှေ့ဆက်​ပြီးကျွန်​​တော်​ဘယ်​လို​လျှောက်​လှမ်းရမလဲ..

တွေးရင်းအားငယ်​စိတ်​တို့ဝင်​လာတာ​ကြောင့်​မျက်​ရည်​ကအလိုလိုကျမိသည်​..

"Hyungသာငါ့​ဘေးမှာရှိရင်​​ကောင်းမှာ..ခု​တော့T.T.."

"Hyungကရက်​စက်​နိုင်​လို့ကျွန်​​တော်ကိုလှည့်​စားခဲ့​ပေမယ့်​ကျွန်​​တော်​ကhyungကိုမုန်း​တောင်​မမုန်းနိုင်​ပါဘူး...."

"​တော်​စမ်းပါ Park Chanyeolရယ်​...သူကဖြင့်​ဟိုမိန်းမလှ​လေးနဲ့​ပျော်​ရွှင်​​နေ​လောက်​ပီ..မင်းသာအရူးလို​ကြေကွဲ​နေတာ..​မေ့ပစ်​လိုက်​စမ်းပါ..."

တ​ယောက်​တည်းမိုး​ကောင်းကင်​​ပေါ်ကလမင်းကြီးကိုကြည့်​ပြီးအရူးလို​ပြောချင်​ရာ​တွေ​ပြော​နေမိသည်​...တကယ်​လည်းရူးသွားနိုင်​တယ်​​လေ...ကိုယ်​အရမ်းချစ်​ပြီးအရမ်းယုံကြည်​ခဲ့တဲ့သူကိုယ်​တိုင်​ကလှည့်​စားတာခံခဲ့ရတာဆို​တော့....ကိုယ့်​ကိုယ်​ကိုလည်းရယ်​ချင်​မိသည်​....အ​ဝေးဆုံးတ​နေရာကိုထွက်​သွားမယ်​ဆိုပြီးတကယ်​တမ်း​ရောက်​​နေခဲ့တာဟိုတ​နေ့ညကhyungနဲ့တူတူလာခဲ့တဲ့​တောင်​ကမူ​လေး​ပေါ်မှာ...

"Yeollie.."

ကြေကွဲဆို့နင့်​နေ​သောအသံ...

"​Yifanသခင်​​လေးပါလား...ဒီ​နေရာကိုဘာလာလုပ်​တာလဲဟင်​.."

ကိုယ့်​ဆီက​နေ​ဝေးရာကိုထွက်​သွားဖို့ကြိုးစား​နေတဲ့ချစ်​ရသူကိုပြန်​​တွေ့လိုက်​ရ​တော့သူရင်​ခွင်​ထဲဆွဲသွင်းကာခပ်​တင်းတင်း​ပွေ့ဖက်​ထားလိုက်​သည်​....

"Chanyeol-ah..hyungရှင်းပြမယ်​..အားလုံးကိုက​လေးနားလည်​​အောင်​​ပြောပြမယ်​.."

Krisyeol Fic Collection...❤KYWhere stories live. Discover now