I'll protect u,baby...Part5

1.8K 179 11
                                    

ခြံ​ရှေ့မှကားဟွန်းတီးသံ​ကြောင့်​Chanyeolအ​ပြေးက​လေးသွားကာခြံတံခါးဖွင့်​​ပေးလိုက်​သည်​..ကားသံ​ကြောင့်​Mrs.Wuနှင့်​hyungတို့ပါအိမ်​​ရှေ့ထွက်​ကြိုကြသည်​..ဘယ်​သူ​တွေပါလိမ့်​..အ​ရေးကြီးဧည့်​သည်​​တွေထင်​တယ်​...Mrs.Wuက​တော့ကား​ပေါ်ကဆင်းလာတဲ့ခန့်​ခန့်​ညားညားနဲ့လူကြီးတ​ယောက်​ကို​ဖော်​​ရွေစွာနှုတ်​ဆက်​​နေတယ်​...hyungက​တော့ဟိုလူကြီးနဲ့အတူပါလာတဲ့​ကောင်​မ​လေးတ​ယောက်​နဲ့စကား​ပြော​နေတယ်​..ဘယ်​သူ​တွေလဲ...ရုတ်​တရက်​​ခေါင်းထဲ​ရောက်​​လာ​သောအ​တွေးတခု​ကြောင့်​ရင်​​တွေတုန်​လာခဲ့သည်​..မဟုတ်​ပါ​စေနဲ့..အဲ့လိုမဖြစ်​​ရဘူး..အဲ့ကိစ္စသာဆိုရင်​ကျွန်​​တော်​​သေသွားမှာ...hyungမရှိတဲ့ဘဝမှာအသက်​ဆက်​ရှင်​ဖို့ဆိုတာ..ငါးတ​ကောင်​ကို​ရေမရှိတဲ့​ချောင်းထဲသွားလွှတ်​​ပေးထားလိုက်​သလိုပဲ..
.
"Mr.Kim...က​လေး​တွေကိုဘယ်​​တော့​လောက်​လက်​ထပ်​​ပေးရင်​​ကောင်းမလဲ.."

"​နောက်​လထဲမှာဆိုရင်​​ရော.."

"ခွမ်း.."

"Chanyeol...ဘယ်​နားထိသွား​သေးလဲ..ရလား..အဆင်​​ပြေလား.."

လူကြီး​တွေနဲ့စကား​ပြော​နေရာမှကျွန်​​တော့်​ဆီ​ပြေးလာကာတရစပ်​​မေး​နေသည်​...
hyungညာတယ်​...ဒီကိစ္စကိုလက်​မခံပါဘူးဆို...အခုကဘာလဲ...ကျွန်​​တော့်​ကိုတခဏတာအတွက်​အသုံးချတာလား..အရုပ်​က​လေးလိုအလိုရှိတဲ့အချိန်​ယုယပြီးအလိုမရှိရင်​စွန့်​ပစ်​ဖို့လား..နားမလည်​နိုင်​​တော့ဘူး..ကျွန်​​တော့်​ကိုချစ်​တယ်​..ချစ်တယ်​...တဖွဖွ​ပြောခဲ့တာလှည့်​စားရုံသက်​သက်​လား..

ဖန်​ခွက်​လွတ်​ကျသံ​ကြောင့်​Chanyeolကိုစိတ်​ပူပြီးသူ့အနား​ပြေးသွားမိတယ်​..Chanyeol​လေ...ကျွန်​​တော်​​မေးတာကိုပြန်​မ​ဖြေပဲကျွန်​​တော့်​ကိုအဓိပ္ပါယ်​မ​ဖော်​နိုင်​တဲ့အကြည့်​​တွေနဲ့ကြည့်​​နေတယ်​..ကျလုဆဲဆဲမျက်​ရည်​တို့ကိုအတင်းထိန်းချူပ်​ထားသည့်​ပုံစံနှင့်​အကြည့်​လွှဲလိုက်​ပြီးဖန်​ကွဲစ​တွေကိုသာ​ငုံ့​ကောက်​​နေတယ်​....က​လေးကျွန်​​တော့်​ကိုနာကျည်းသွားတာလား...မုန်းလိုက်​ပါ..hyungကိုမုန်းလိုက်​ပြီး​ပျော်​​ပျော်​ကြီးဘဝကိုဖြတ်​သန်းလိုက်​ပါ..က​လေးအတွက်​ပါ...

Krisyeol Fic Collection...❤KYWhere stories live. Discover now