Meet Lu

3.2K 369 7
                                    

"Boss lu က​လော​လောဆယ်​ MV တခုရိုက်​ဖို့
Qingdao ကိုသွားတယ်​ ညီမ က စ​နေ နဲ့တနင်္ဂ​နွေမှာရိုက်​မယ့်​ running man အတွက်​ ပဲလုပ်​​ပေးရုံပဲ
သူ​ပြောတာ​လေး​တွေနည်းနည်းကူ​ပေးရင်​ရ ပြီ
လိုအပ်​ရင်​ ခရီးထွက်​ရမယ်​​နော်​..အဆင်​​ပြေမလား"

"ဟုတ်​ကဲ့အဆင်​​ပြေပါတယ်​ jie?"

"Xiaxuie ပါ xuie jie လို့​ခေါ်လည်းရတယ်
ညီမ​လေး ကhua jie ​ထောက်​ခံ​ပေးထားတာဆို​တော့ယုံကြည်​ပြီးသား boss lu ကိုအပ်​တယ်​​နော်​"

Xiaxuiမ jie ကခပ်​မြူးမြူး​လေး​ပြောတယ်​..
သူမက သိပ်​မကြာခင်​လက်​ထပ်​​တော့မယ့်
မိန်းက​လေးတ​ယောက်​ ပီပီသိပ်​လှလွန်းတယ်​..

"​အလုပ်​​တွေ ဖြည်းဖြည်း ချင်း jie သင်​​ပေးမယ်​​နော်​"

"ဟုတ်​ကဲ့ jie ​ကျေးဇူးတင်​ပါတယ်​ "

Xiue jie နဲ့စကား​ပြောပြီးမှ.
.ဒီအခန်း ​လေးကို​သေချာကြည့်​မိတယ်
ဒီ​တော့...

ဒါ က lu ရဲ့ အလုပ်​ခန်း​လေး​ပေါ့.
နံရံ​ပေါ်မှာသူ့ရဲ့ poster မျိုးစုံကပ်​ထားတယ်
လူတစ်​ရပ်​စာ​လောက်​ရှိတဲ့ ပုံ
သူ့အရပ်​နဲ့ တူတူလုပ်​ထားတဲ့
သူ့တစ်​ကိုယ်​စာ stand ကြီး​တောင်​ရှိတယ်​...
သူ့ရုံးခန်းလို့ကျမ ယူဆရတဲ့ အခန်း ဝမှာ
Iron Man ပုံအကြီးကြီးကပ်​ထားတယ်
White board အကြီးကြီးတခုမှာ..
Schedule တချို့​ရေးခြစ်​ထားတယ်​.​နေရာအနှံ့မှာ
Stick notes ​တွေပွ​နေ​အောင်​ကပ်​ထားတယ်​..
ရေများများ​သောက်​ မနက်​စာ!!! Press conf 9.00
Sponsor ဖိနပ်​​တွေပြန်​ပို့ထား... တို့လိုစာ​တွေ​ပေါ့

Lu ရဲ့ ရုံးခန်း..Lu ရဲ့အလုပ်​လုပ်​တဲ့​နေရာ..
ဆိုတဲ့ခံစားချက်​က ကျမကို​ခြေဖျားလက်​ဖျား
တွေ​အေးစက်​​စေတယ်​..

"​သောကြာ​နေ့ ​တွေ့မယ်​​နော်​ Uni"

Xiue jie ကသူမဖိုင်​​တွေထပ်​ရင်း​ပြောတယ်​..
တကယ်​​တော့ ကံတရားကြီး က
အားနာစရာ​ကောင်း​လောက်​​အောင်​သ​ဘော​ကောင်းလွန်းတယ်
ဘာကိုမှထပ်​စဉ်းစားမ​နေချင်​​တော့ဘူး..

သောကြာ​နေ့...

ကျေးဇူးပြုပြီးမြန်​မြန်​​ရောက်​​ပေးလို့ရမလားဟင်

My own starWhere stories live. Discover now