Morning 5 AM

3.1K 370 7
                                    

ရာသီဥတု သာယာပြီး..မြူ​တောင်​မကွဲ​သေးတဲ့
မနက်​ခင်း
လေးတခုမှာ..ကျမ နှိုးစက်​မပါပဲနိုးလာခဲ့တယ်​..
တညလုံးအိပ်​မ​ပျော်​ထား​ပေမယ့်
အံ့သြစရာ​ကောင်း​အောင်​ကိုလန်းဆန်း
တက်​ကြွ​နေတယ်​..

မနက်​ ​လေးနာရီ....

"ဒါ နင်​ထရမယ့်​အချိန်​လား" Toki သာသိရင်​ ကျမကို
ခပ်​​ငေါက်​​ငေါက်​​ပြောပါလိမ့််​မယ်​..

မ​နေ့ညကထဲကဝင်​ဝယ်​ခဲ့တဲ့ဦးထုတ်​​လေးကို​နောက်​ပြန်
ဆောင်းလိုက်​တယ်​..iron man ဟင်းချက်​​နေတဲ့ sticker နဲ့​​တီရှပ်​က Toki
လက်​​ဆောင်​​ပေးထားတာ..
ဒူး​လောက်​ရှည်​တဲ့ အ​နွေးထည်​​အောက်​က
skinny jean နဲ့ ကျမ
ကိုယ့်​ကိုယ်​ကို PA ပုံပို​ပေါက်​​အောင်
ပါဝါမပါတဲ့ wafler မျက်​မှန်​တလက်​တပ်​လိုက်​တယ်​..
အဆင်​သင့်​ ဖြစ်​ပြီ...ကမ္ဘာကြီး​ရေ...

"MORNING!!!" လမ်း​ပေါ်မှာအကျှီဖားယားကြီးနဲ့ ပတ်​ချာလည်​ ​နေတဲ့ကျမကို ​ခွေးတချို့က
မျက်​စိ​နောက်​သလို​ဟောင်​တယ်​..

ချစ်​ရတဲ့သူကို ​တွေ့ရ​တော့မယ်​ ကိုယ့်​ရဲ့ဖြစ်​တည်​မှုကိုသူ
အသိအမှတ်​ပြု​ပေးတဲ့ ခံစားချက်​ဟာ...ကမ္ဘာ​ပေါ်မှာ
အ​ကောင်းဆုံးပါပဲ..
မွေးကထဲက​နေ..ဒီအရွယ်​ထိ..
ဒီ​နေ့မနက်​အ​ပျော်​ဆုံးပါပဲလို့ ​ပြောမိရင်
TOKI နဲ့ MaMa နှစ်​​ယောက်​လုံး ကျမကိုသတ်​လိမ့်​မယ်​ထင်​တယ်​...

"မင်္ဂလာမနက်​ခင်းပါ ကျမ​ရောက်​ပါပြီ"လို့ နှုတ်​ဆက်​​တော့
မန်​​နေဂျာ ge က ပြန်​နှုတ်​ဆက်​တယ်

"Uni လာလာ luhan နားသွားလိုက်
သူအခုထိငိုက်​​နေတုန်းပဲ ​ကော်​ဖီတခွက်​ယူသွား​ပေး"

Studio တခုလုံးအလုပ်​ရှုပ်​​နေကြတယ်​..hair dresser,stylish ​တွေဟိုသွားဒီသွား​နဲ့
ဟိုး​နေ့ကထက်​လူများတယ်​..

ကော်​ဖီခွက်​ကိုင်​ပြီး iron man အခန်းထဲဝင်​လာ​တော့
ကျမရဲ့ သမင်​​လေး က စားပွဲ​ပေါ်​မှောက်​အိပ်​​နေတယ်​..
သူ့ရဲ့​ပေါ်​နေတဲ့မျက်​နှာတခြမ်း ခပ်​ဟဟဖွင့်​ထားတဲ့နှုတ်​ခမ်း
လေး​တွေနဲ့ မျက်​​တောင်​ရှည်​ရှည်​​လေး​တွေကအလင်း​ရောင်​နည်း​နေ​သေးတဲ့ အချိန်​မှာ​​တောင်​ထင်​ရှား​နေတယ်​..
ကျမ
သူ့ကို နှိုးရမှာလား..
ဘယ်​​လောက်​​တောင်​ပင်​ပန်း​နေမှန်းမသိတဲ့သူ့ကို နှိုးရမှာလား
နှိုးရမှာ ​ပေါ့ Uni သူကား​ပေါ်မှာအိပ်​သွားလို့်​ရတာပဲ
ကျမဦး​နှောက်​ထဲကအသံ​သေး​သေး​လေးက​ပြောတယ်

My own starWhere stories live. Discover now