My star from the million miles away

2.8K 335 14
                                    

အချစ်​ဆိုတာ..တစ်​ခါတစ်​​လေမှာ နာကျင်​မှု​တွေပဲ
ပေးတတ်​လွန်းတယ်​..

"Lu ge,coffee "

ထိုင်​ခုံမှာပျင်းတိပျင်းရွဲမှီပြီး
စားပွဲ​ပေါ်​ခြေ​ထောက်​ချိတ်​တင်
ထားတဲ့ Luhan က
သူ့ဖုန်းကနေမျက်​လုံးမခွာပဲ
သူ့အ​ရှေ့ကစားပွဲ​ကို​မေးထိုးပြတယ်​..
တင်​ထားလိုက်​ဆိုတဲ့သ​ဘော..

ဥ​ရောပက​နေရုတ်​တရက်​ပြန်​​ရောက်​လာတဲ့
Luhan ဟာ တခြားတ​ယောက်​ဖြစ်​သွားတယ်​လို့
ထင်​ရ​လောက်​​အောင်​ ကျမ​​ပေါ်ကို
အေးစက်​နိုင်​လွန်းတယ်​.
Schedule ​တွေမရှိပဲအား​နေတာ​တောင်
ကျမကိုစကားတခွန်းမှ မ​ပြောခဲ့ဘူး

"Lu ge,Happy New Year" လို့နှုတ်​ဆက်
တုန်းက​တောင်​ အပြုံးတချက်​​တောင်​မပါပဲ
ခေါင်းညိတ်​တုန့်​ပြန်​တဲ့အထိပဲ
အရင်​က "ယွဲမ်​ယွဲမ်​ " လို့ တရက်​ကို
အကြိမ်​​ပေါင်းများစွာ​ခေါ်​နေတဲ့ သူက
ကျမကို မန်​​နေဂျာge က​နေတဆင့်​ပဲစကား​ပြော
တော့တယ်
တခြားဂန်​ထမ်း​တွေနဲ့​တောင်​ သူအရယ်​အပြုံးနည်းသွား
သလို

ဘယ်​အရာ​တွေက သူ့ကိုဒီလိုဖြစ်​​စေတာလဲ လို့
ကျမ စိတ်​မ​ကောင်းစွာ​တွေးမိတယ်
သူအဆင်​မ​ပြေတာ​တွေများ​နေသလိုပဲ
Asian Film Award လည်းနီး​နေပြီဆို​တော့
သူ့မှာ stress ​တွေများ​နေတာ ဖြစ်​မှာပါလို့
ကိုယ့်​ကိုယ်​ကို ​ဖြေသိမ့်​ရင်း..
ချစ်​ရတဲ့သူ ခက်​ခဲ​နေချိန်​မှာ..
ဘာ အကူအညီမှ မဖြစ်​နိုင်​တဲ့ ကိုယ့်​ကိုယ်​ကို ပဲ
အပြစ်​တင်​မိတယ်

Luhan ရဲ့ ​အေးစက်​စက်​ပုံစံဟာ
သူနဲ့တကယ်​ မလိုက်​ဖက်​ဘူး
ပြီး​တော့ ကျမကိုနာကျင်​​စေတယ်

လွန်​ခဲ့တဲ့ သုံးရက်​​လောက်​ကအထိ
ကျမတို့ ​နေ့တိုင်း weibo မှာစကား​​ပြောကြေ​သးတယ်
သူညတိုင်း ကျမ ရင်​ခုန်​​စေတဲ့ emoji ​လေး​တွေ
တောင်​ပို့ ခဲ့​သေးတာ
သူနဲ့ ကျမ အရမ်းရင်းနှီး​နေပြီလို့
ကျမ ကသူ့အတွက်​ ထူးခြားတဲ့လူတ​ယောက်​လို့
ကိုယ့်​ကိုယ်​ကို ထင်​ခဲ့မိ​သေးတာ
ဘာလို့သူ ဒီလို​ပြောင်းလဲသွားတာလဲ
ကျမရဲ့အ​တွေး​တွေပဲမှား​နေခဲ့တာလား
ကျမ က ဒီအတိုင်း..
ဒီအတိုင်း သူ့အတွက်​ သာမန်​ ပဲလား..

My own starWhere stories live. Discover now